ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့
- ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ် အတင်းအကြပ် စေခိုင်းခံနေရတဲ့ မြန်မာနိုင်ငံသား ၂၀ ဦးကို ကယ်ဆယ်ပြီး မနေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန်ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး မေလ ၄ ရက်ညက အဲဒီအွန်လိုင်းကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၁၁၃၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
- မြန်မာသံရုံးနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းကာ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၂၀ ဦး (အမျိုးသမီး ၁၅ ဦး၊ အမျိုးသား ၅ ဦး)ကို မနေ့က ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မနီလာမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို ဆောလျင်စွာ ပြန်ပို့ဖို့သက်ဆိုင်ရာဌာနေတွနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။