တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၃၀ ကျော်စေလွှတ်
- တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၃၁ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၁၂၁) ဦး၊ စိုက်ပျိုး/မွေးမြူရေးလုပ်သားသစ် (၉)ဦးဟာ ဒီကနေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုလအတွင်း တောင်ကိုရီးယားကို မြန်မာလုပ်သား ၂၉၉ ဦးကို စေလွှတ်ထားပြီးဖြစ်ပါတယ်။
