ကုန်ထုတ်၊ ပညာရေးနဲ့ ငွေရေးကြေးရေးအာမခံလုပ်ငန်းတွေမှာ အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက်ပိုများတယ်လို့ဆို
ဇွန် ၁ ရက်
အရုဏ်ဦး၊ Migrant Times
- မြန်မာနိုင်ငံက လက်လီ/လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်၊ ပညာရေးနဲ့ ငွေရေးကြေးရေးအာမခံလုပ်ငန်းတွေမှာ အမျိုးသမီးဦးရေဟာ အမျိုးသားတွေထက် ပါဝင်တဲ့ရာခိုင်နှုန်းပိုများနေတယ်လို့ ၂၀၂၀-၂၀၂၃ လုပ်သားအင်အား ခန့်မှန်းစာရင်းအင်းများအစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲဒီစစ်တမ်းမှာ လယ်ယာ၊ သစ်တောနဲ့ ငါးလုပ်ငန်းတွေမှာ အမျိုးသားဦးရေပါဝင်တဲ့ရာခိုင်နှုန်းကပိုများပေမယ့် လက်လီ/လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ်၊ ပညာရေးနဲ့ ငွေရေးကြေးရေးအာမခံလုပ်ငန်းတွေမှာတော့ အမျိုးသမီးပါဝင်မှုက ပိုမြင့်မားနေတယ်လို့ဆိုပါတယ်။”ဝန်ဆောင်မူလုပ်ငန်းတွေမှာဆိုရင် အမျိုးသမီးတွေက ပိုပြီး နေရာရလာတယ်။ လုပ်ငန်းလိုအပ်ချက်ပိုရှိလာတာတွေ့ရတယ်”လို့ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
- လက်လီ၊လက်ကားရောင်းဝယ်ရေးလုပ်ငန်းမှာဆိုရင် ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အထိ အမျိုးသားပါဝင်မှုက ၁၂ရာခိုင်နှုန်းခန့်သာရှိနေချိန်မှာ အမျိုးသမီးပါဝင်မှုက ၂၆ ရာခိုင်နှုန်းအထိ ရှိနေတာဖြစ်ပါတယ်။အထက်ပါ လုပ်ငန်းတွေမှာ အမျိုးသား/အမျိုးသမီးပါဝင်မှုနှုန်းတွေကွာခြားပေမယ့် ကျန်လုပ်ငန်းအမျိုးအစားတွေမှာတော့ ကွာဟချက်အနည်းအကျဥ်းသာရှိတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါ့အပြင် ၂၀၂၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း လယ်ယာ၊သစ်တော၊ငါးလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနဲ့သိုလှောင်ရေးလုပ်ငန်း၊ တည်းခိုခန်းနဲ့အစားသောက်ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ကာကွယ်ရေး၊ ပန်းချီ၊အနုပညာ၊ ဖျော်ဖြေရေးနဲ့အပန်းဖြေလုပ်ငန်း၊ ကျန်းမာရေးနဲ့လူမှုရေး လုပ်ငန်း၊ အိမ်မှုကိစ္စဆိုင်ရာအိမ်ထောင်စုလုပ်ငန်းတွေမှာ အလုပ်အကိုင်ရရှိမှုတွေကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ-clb.org.hk