Site icon Migrant Times

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ကား ထိုင်းမှာ တိမ်းမှောက်ပြီး ၄ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

မြန်မာ ရွှေ့ပြောင်းလုပ်သားတွေ လိုက်ပါလာတဲ့ကား ထိုင်းမှာ တိမ်းမှောက်ပြီး ၄ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

ဇွန် ၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ Phra Nakhon Si Ayutthaya ပြည်နယ်၊ Bang Pa-in မြို့နယ်၊ Chiang Rak Noi ကျေးရွာအုပ်စု၊ Phaholyothin လမ်းမကြီး၊ Chiang Rak Noi ကျောင်းရှေ့မှာ မနေ့ည ၁၂ နာရီ ၃၀ မိနစ်ခန့်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ လိုက်ပါလာတဲ့ ဗင်ကား တိမ်းမှောက် မီးလောင်ပြီး ၄ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။မြန်မာလုပ်သားတွေ လိုက်ပါလာတဲ့ယာဉ်ဟာ အရှိန်ပြင်းပြင်း မောင်းနှင်လာပြီး အခင်းဖြစ်ပွားရာ ဖဟောလယိုထင်လမ်း ရောက်ရှိလာစဥ်မှာ အရှိန်မထိန်းနိုင်ဘဲလမ်းချော်ထွက်ကာ တိမ်းမှောက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
  • ချန်ရက်နွဲ စည်ပင်သာယာရေးအဖွဲ့မှ မီးသတ်ယာဉ် ဝန်ထမ်းများ၏ မီးငြိမ်းစဥ် အလုပ်သမား ၄ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရကြောင်း Phra Inracha ရဲစခန်းမှ ဒု-ရဲမှူးကြီး Pongpant Meto က ပြောပါတယ်။အနီရောင် SangYong Musso မာစီဒီးဘင့်ဇ်ဗင် အမျိုးအစား ကားနံပါတ် 2 Khor 2079 ဖြစ်ပြီး မှောက်လျက်အနေအထားတွင် မီးလောင်မှု ပြင်းထန်စွာ ဖြစ်ပွားပြီး မိနစ် ၂၀ ခန့်ကြာမှ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ကားအတွင်းမှာ သေဆုံးသူ ၄ ဦးရှိပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး​ဖြစ်ကာကျန် ၁ ဦးက​‌တော့ မီးလောင်ကျွမ်းသွားတာကြောင့် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါတယ်။ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦးအား ဘန်ပအင်းဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။
ကိုးကား၊ ဓာတ်ပုံ-mgronline
Exit mobile version