အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာ သံအမတ်တွေ့ဆုံ၊ MOU အရ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း ထည့်သွင်းစဉ်းစား

အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ မြန်မာ သံအမတ်တွေ့ဆုံ၊ MOU အရ အမျိုးသမီးများအတွက် အလုပ်အကိုင် အခွင့်အလမ်း ထည့်သွင်းစဉ်းစား

ဇွန် ၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်း အလုပ်သမားဝန်ကြီးဌာန အလုပ်အကိုင် ဦးစီးဌာန (ACT) ညွှန်ကြားရေးမှူးချုပ် Mr. Phairoj Chotikasthira နဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ (သံမှူး) Mr.Thurein Tun နှင့် MOU အလုပ်သမားရေးရာ အတိုင်ပင်ခံ Mr.Pay Sone Hein တို့ တွေ့ဆုံ ဆွေးနွေး ကြကြောင်း သိရပါတယ်။မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ MOU အရ ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့် အခြေအနေများကို အဓိကထည့်သွင်း စဉ်းစားထားပြီး အလုပ်သမားများ စေလွှတ်သည့် အဖွဲ့ တစ်ဖွဲ့တွင် အမျိုးသမီး ၅ ဦး သို့မဟုတ် ထို့ထက်ပို၍ ပါလာသင့်ကြောင်း၊ ထိုင်းနိုင်ငံ အစိုးရအဖွဲ့ ၏ အလုပ်သမားရေးရာ ဆုံးဖြတ်ချက်များ အကောင်အထည် ဖော်မှုကို ကြိုဆိုပြီး ဇူလိုင်လ ၃၁ ရက်အထိ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာ(MOU) အလုပ်သမားများအတွက် ယာယီနေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ကို အချိန်တိုးပေးကြောင်း အလုပ်အကိုင် ဦးစီးဌာန (ACT) ညွှန်ကြားရေးမှူးချုပ် မစ္စတာ Mr. Phairoj Chotikasthira က ပြောပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *