ပြည်တွင်းအလုပ်အကိုင်အေဂျင်စီအရေအတွက်အနည်းငယ်ပြန်တိုးလာပေမယ့် စျေးကွက်မကောင်းဘူးလို့ဆို

ပြည်တွင်းအလုပ်အကိုင်အေဂျင်စီအရေအတွက်အနည်းငယ်ပြန်တိုးလာပေမယ့် စျေးကွက်မကောင်းဘူးလို့ဆို

ဇွန် ၅ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက်ဟာ ဒီနှစ်ထဲအနည်းငယ်ပြန်တိုးလာပေမယ့် အလုပ်အကိုင်ရှာဖွေရေးစျေးကွက်ကတော့သိသိသာသာတက်လာတာမရှိဘူးလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။လက်ရှိမှာ ပြည်တွင်းအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလိုင်စင်ရယူထားတဲ့ကုမ္ပဏီ ၇၅ ခုရှိကာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကထက် ကုမ္ပဏီ ၃ခု တိုးလာတာဖြစ်ပါတယ်။အဲဒီလို အေဂျင်စီအရေအတွက်တိုးလာပေမယ့် အလုပ်ခေါ်ယူမှုက ကျဆင်းနေပြီး အလုပ်ရှာဖွေပေးနိုင်ဖို့ခက်ခဲနေသေးတယ်လို့ အမည်မဖော်လိုတဲ့အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။”တချို့ကစျေးကွက်ကောင်းလာမလားဆိုပြီးပြန်ဝင်လာသူနဲ့၊ ဟန်မပျက်ဆက်လုပ်သူတွေနဲ့ဆက်သွားနေကြတာ။ လုပ်သားစျေးကွက်ကတော့ အခြေအနေဆိုးနေတုန်းပဲ”လို့သူကပြောပါတယ်။
  • ပြည်တွင်းအလုပ်အကိုင်ရှားပါးလာမှုနဲ့ လုပ်ငန်းတွေရပ်တည်ဖို့ခက်ခဲတာကြောင့် ၂၀၂၁ နှစ်လယ်ပိုင်းကစလို့ ရပ်နားသွားတဲ့အေဂျင်စီတွေဆက်တိုက်ရှိနေခဲ့တာဖြစ်ပါတယ်။​၂၀၂၁နှစ်လယ်ပိုင်းမတိုင်ခင်က အေဂျင်စီ ၉၀နီးပါးရှိခဲ့ရာကနေ အခုဆို ၇၅ခုသာရှိတော့တာဖြစ်ပြီး ဒီနှစ်ထဲကျမှ နောက်ထပ် အေဂျင်စီ ၃ခုပြန်တိုးလာခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ အေဂျင်စီတွေအနေနဲ့လည်း ကုမ္ပဏီ၊လုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီး အလုပ်ရှာဖွေပေးနေပေမယ့် ခေါ်ယူလိုတဲ့ပမာဏနဲ့ အလုပ်လိုအပ်သူအရေအတွက်မမျှတတဲ့အနေအထားမျိုးကြုံတွေ့နေရတယ်လို့ အလုပ်ရှာဖွေနေသူတွေကဆိုပါတယ်။
  • “အလုပ်ရမလားဆိုပြီး အေဂျင်စီတွေမှာ လျှောက်လွှာတင်ထားတာမရသေးဘူး။ကိုယ့်ရှေ့မှာလည်း လျှောက်ထားတဲ့သူတွေကပုံနေရော”လို့ အလုပ်လိုအပ်နေသူတစ်ဦးကပြောပါတယ်။ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာတဲ့အတွက် အလုပ်လက်မဲ့ဦးရေဟာလည်း နှစ်စဥ် တိုးလာနေတယ်လို့ ၂၀၂၀-၂၀၂၃လုပ်သားအင်အား အခြေခံစာရင်းအင်းစစ်တမ်းမှာဖော်ပြထားပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *