ထိုင်းရောက် MoU သက်တမ်းပြည့်အလုပ်သမား​တွေကို ဖြေလျှော့ပေးထားမယ့် အတည်ပြုထားခြင်း မရှိသေး

ထိုင်းရောက် MoU သက်တမ်းပြည့်အလုပ်သမား​တွေကို ဖြေလျှော့ပေးထားမယ့် အတည်ပြုထားခြင်း မရှိသေး

ဇွန် ၈ ရက်
စကားဝါ၊ Migrant Times
  • MoU သက်တမ်းပြည့် အလုပ်သမားတွေအတွက် ဖြေ​လျှော့ပေးထားတဲ့ အမိန့်ကြေညာချက်ကို အတည်ပြုနိုင်ဖို့အတွက် ဝန်ကြီးဌာနတွေရဲ့ အတည်ပြုကြေညာချက်လိုအပ်သေးတာကြောင့် အလုပ်သမားတွေအနေနဲ့ သတိလက်လွတ်မနေကြဖို့ အလုပ်သမားရေး လှုပ်ရှားသူတွေက သတိပေးနေကြပါတယ်။ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်က ထွက်လာခဲ့တဲ့ MoU သက်တမ်းကုန် အလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ရာမှာ လိုအပ်တဲ့ အထောက်အထားတွေကို သက်တမ်းတိုးမမီလိုက်တဲ့သူတွေအတွက် ဇူလိုင်လကုန်အထိ နေထိုင်ခွင့် သက်တမ်းတိုးပေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အတည်မပြုရသေးဘူးလို့ သိရပါတယ်။
  • “ အခုက ခရိုင်ရုံးတွေကို ဒီလိုမျိုးဖြေလျော့ဖို့လုပ်ထားတယ်ဆိုပြီး သတင်းပို့တာမျိုးပါ။ အတည်ပြုဖို့အတွက်တော့ အလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြုကြေညာချက်ကို စီစဉ်နေတုန်းဆိုပြီးတော့ အဲ့ဒီ ခရိုင်ရုံးတွေကိုပို့တဲ့ အသိပေးစာမှာဖော်ပြထားပါတယ်။ ဒီတော့ အရမ်းကြီးစိုးရိမ်ဖို့တော့ မဟုတ်ပေမယ့် သတိလက်လွတ်တော့ မနေသင့်သေးဘူး ” လို့ ထိုင်းအာဏာပိုင်တွေလက်အောက်က ရွေ့ပြောင်းအလုပ်သမားရေး ကူညီတဲ့ရုံးက အမည်မဖော်လိုသူက Migrant Times ကိုပြောပါတယ်။ဒါကြောင့် ပြည်တွင်းကိုပြန်ဖို့ စီစဉ်နေသူတွေနဲ့ သက်တမ်းတိုးကျန်ရှိနေသူတွေအနေနဲ့ အတည်ပြုချက် အမိန့်စာထွက်လာတဲ့အချိန်ထိ စောင့်ဆိုင်းသင့်ကြောင်း၊ လုပ်ငန်းခွင်ပြောင်းရွေ့ခြင်းကို ဆိုင်းငံ့ထားသင့်ကြောင်းနဲ့ သွားလာနေထိုင်မှုများမှာ ဆင်ခြင်သင့်ကြောင်း သတိပေးနေကြတာဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *