ရန်ကုန်မှာ စက်ရုံလုပ်သားအသစ်ခေါ်ယူမှုတိုးလာလို့ နယ်မှရွှေ့ပြောင်းလာသူများနေဟုဆို

ရန်ကုန်မှာ စက်ရုံလုပ်သားအသစ်ခေါ်ယူမှုတိုးလာလို့ နယ်မှရွှေ့ပြောင်းလာသူများနေဟုဆို

ဇွန် ၉ ရက်
အရုဏ်ဦး၊ Migrant Times
  • ရန်ကုန်မြို့ကစက်ရုံတချို့မှာ လုပ်သားအသစ်ခေါ်ယူတာတွေတိုးလာလို့ နယ်ကနေအလုပ်လုပ်ဖို့ရွှေ့ပြောင်းရောက်ရှိလာသူတွေ များလာနေတယ်လို့ အဲဒီအလုပ်သမားအသိုင်းအဝိုင်းထံကသိရပါတယ်။လက်ရှိမှာ စက်ရုံတချို့ဟာ လုပ်ငန်းတိုးချဲ့နေပြီး လုပ်သားခေါ်ယူစုဆောင်းမှုဟာသာမန်ထပ်မြင့်တက်လာတာဖြစ်ပြီး အလုပ်လိုအပ်သူတွေအတွက်အခွင့်အလမ်းကောင်းလာတယ်လို့သူတို့ကဆိုပါတယ်။”နယ်လူသစ်တွေအဆောင်လိုက်ရှာနေကြတာတွေ့တယ်။အဆောင်တော်တော်များများလည်းလူပြည့်နေတယ်”လို့ ရွှေပြည်သာမြို့နယ်ကအထည်ချုပ်စက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။
  • အခုနောက်ပိုင်း ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းဘက်ကအလုပ်လာရှာသူတွေပိုများလာတာသတိထားမိတယ်လို့လည်း သူကဆိုပါတယ်။ဒီနှစ်ထဲစက်ရုံတွေဟာ အော်ဒါအသစ်တွေထပ်ရလာတဲ့အတွက် ရုံတွေထပ်တိုးချဲ့လာရပြီး ၊ရုံအသစ်တွေလည်း တိုးတိုးလာနေတယ်လို့ အလုပ်သမားသမဂ္ဂဝင်တချို့ကဆိုပါတယ်။”ကြပ်တည်းနေချိန်မှာ အလုပ်တစ်ခုရလိုမှုနဲ့အလုပ်ရှာနေကြသူတွေလည်းမနည်းဘူး။အလုပ်သမားခေါ်တဲ့ရုံတွေရှေ့မှာလည်းအလုပ်လျှောက်မယ့်သူတွေကတန်းစီနေတယ်”လို့ အခြေခံအလုပ်သမားသမဂ္ဂဝင်တစ်ဦးကပြောပါတယ်။လက်ရှိမှာ စက်ရုံတွေက ကျွမ်းကျင်လုပ်သားတွေကိုသာဦးစားပေးခေါ်နေကြတဲ့အတွက် အလုပ်သမားအသစ်တွေအတွက်အလုပ်ရဖို့ခက်ခဲနေသေးတယ်လို့လည်းသူတို့ကဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *