Site icon Migrant Times

ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်မှာ တရားမ၀င်မြန်မာ‌ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ Samut Prakan ပြည်နယ်မှာ တရားမ၀င်မြန်မာ‌ရွှေ့ပြောင်း အလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ

ဇွန် ၁၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး Samut Prakan ပြည်နယ်၊ ဘန်ဖလီမြို့နယ်၊ ဘန်ပလာရပ်ကွက်မှာ တရားမ၀င် မြန်မာလုပ်သား ၁၄ ဦး တင်ဆောင်လာတဲ့ ကား ၂ စီးကို စစ်ဆေးဖမ်းဆီးမိခဲ့တယ်လို့Samut Prakan ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။ဆွယ်ဘန်ပလာလမ်းမှာ ကားတစ်စီးဟာ အလေးချိန် အများကြီး တင်ထားတဲ့ပုံစံနဲ့ မောင်းနှင်လာတာကြောင့်ခေါ်ယူ စစ်ဆေးရာမှာ နိုင်ငံကူးလက်မှတ် မရှိတဲ့မြန်မာအလုပ်သမား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ​နောက်ကအနီးကပ်မောင်းလာတဲ့ ကားကိုပါ စစ်ဆေးရာမှာ အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာ ၆ ဦးကို ထပ်မံ ဖမ်းဆီးမိကြောင်း သိရပါတယ်။
  • ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ထိုင်းနိုင်ငံထဲ တရားမ၀င် ခိုး၀င်မှုနဲ့ တရားစွဲခံရမှာ ဖြစ်ပြီး ထိုင်းယာဥ်မောင်းကိုလည်း အပြစ်ပေး အရေးယူရမယ်လို့ Samut Prakan ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ပြောပါတယ်။
ကိုးကား၊ ဓာတ်ပုံ- news .ch7.com 
Exit mobile version