Site icon Migrant Times

ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး အလုပ်ရှင်မတူလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ

ဘန်ကောက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပြီး အလုပ်ရှင်မတူလုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား ၁၇ ဦးဖမ်းဆီးခံရ

ဇွန် ၁၄ ရက်
ရန်၊ Migrant Times
  • ထောက်လှမ်းရေးသတင်းပေးပို့မှုအရ ဘန်ကောက်မြို့ထဲက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ လူဝင်မှုကြီးကြပ်ရေးရဲတွေ သွားရောက်စစ်ဆေးမှုပြုလုပ်ရာ အလုပ်ရှင်ချင်းမတူလုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ ကမ္ဘော့ဒီးယာလုပ်သား ၁၇ ဦးတို့ကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန mgronline ကဖော်ပြထားပါတယ်။လူဝင်မှုကြီးကြပ်ရေးရဲဌာနအကြီးကဲ ရဲ့ ထိုင်းနိုင်ငံတွင်းကိုတရားမဝင် ဝင်ရောက်မှုနဲ့ ရက်လွန် (Overstay) နေထိုင်သူများကို နှိမ်နင်းဖမ်းဆီးရန် ညွှန်ကြားကွပ်ကဲမှုဖြင့် ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့မှာ ထိုင်နိုင်ငံ၊ ဘန်ကောက်မြို့တော်၊ သရိမ်ချမ် အမှတ် ၃၄ စွမ်ဖက်လမ်းသွယ်ထဲမှာ ဆောက်လုပ်နေဆဲ လုပ်ငန်းခွင်ကို ထောက်လှမ်းရေးသတင်းပေးပို့မှုဖြင့် နယ်မြေခံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတွေက သွားရောက်စစ်ဆေးမှုလုပ်‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။
  • စစ်ဆေးတွေ့ရှိချက်အရ အဆိုပါလုပ်ငန်းခွင်ထဲမှာ ဝပ်ပါမစ်ထဲကအလုပ်ရှင်နဲ့မတူဘဲလုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ကျား ၇ ဦး၊ မ ၁ ဦးနဲ့ ကမ္ဘောဒီးယားလုပ်သား ကျား ၄ ဦး၊ မ ၅ ဦး စုစုပေါင်း ၁၇ ဦးတို့ကို ထိုင်းကန်ထရိုက်တာနှစ်ဦးနဲ့အတူ ထိန်းသိမ်းဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင် သက်ဆိုင်ရာတွေက အလုပ်သမားအားလုံးရဲ့ နေထိုင်ခွင့်သက်တမ်းစစ်ဆေးရာမှာ အားလုံး ထိုင်းနိုင်ငံအတွင်း သက်တမ်းကုန်ဆုံးပြီးနေထိုင်နေသူ (Overstay) သမားများလည်းဖြစ်နေတယ်လို့လည်း သိရပါတယ်။အာဏာပိုင်တွေက ကန်ထရိုက်တာထိုင်းနှစ်ဦးကို အလုပ်ရှင်မတူတဲ့အလုပ်သမားစေခိုင်းမှုနဲ့ သက်တမ်းကုန်ဆုံးပြီးနေထိုင်နေသူများကို အလုပ်ခေါ်ခန့်အပ်ထားတယ်ဆိုတဲ့ ပြစ်မှုဖြင့် ဆွဲချက်တင်ခံရပြီး တရားဉပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။ အလားတူဘဲ အလုပ်သမားတွေက လုပ်ကိုင်ခွင့်ရှိတာထက်ကျော်ပြီးလုပ်ကိုင်မှုနဲ့ ရက်လွန်နေထိုင်မှုဖြင့် ဉပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။

Exit mobile version