Site icon Migrant Times

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး နေ

ဖိလစ်ပိုင်အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်စေခိုင်းခံနေရတဲ့မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့

ဇွန် ၁၅ ရက်၊ Migrant Times
  • ဖိလစ်ပိုင်နိုင်ငံ၊ ပမ်ပန်ဂါပြည်နယ် (Pampanga)၊ မာဘလာကတ်မြို့ (Mabalacat City)အနီးရှိ အွန်လိုင်းဂိမ်းကုမ္ပဏီမှာ အလုပ်အတင်းအကြပ်စေခိုင်းခံနေရတဲ့ မြန်မာနိုင်ငံသား ၆ ဦးကို ကယ်ဆယ်ပြီး မနေ့က မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။လူကုန် ကူးမှုတိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့က ဦးဆောင်ပြီး မေလ ၄ ရက်ညက အဲဒီအွန်လိုင်းကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၁၁၃၇ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီးမြန်မာနိုင်ငံသား ၄၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။မြန်မာသံရုံးနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့၊ ဖိလစ်ပိုင်လူဝင်မှု ကြီးကြပ်ရေးဌာနတို့နဲ့ ပူးပေါင်းကာ ပထမ အသုတ်အဖြစ် မြန်မာနိုင်ငံသား ၂၀ ဦး (အမျိုးသမီး ၁၅ ဦးနှင့် အမျိုးသား ၅ ဦး)ကို မေလ ၂၇ ရက်ကို နေရပ်ပြန်ပို့ပေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၅ ဦး (အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၉ ဦး)တို့အား ဇွန်လ ၂ ရက်က ဒုတိယအသုတ်အဖြစ် နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
  • တတိယအသုတ်အဖြစ် မြန်မာနိုင်ငံသား ၆ ဦး (အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၂ ဦး)ကို မနေ့က မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မနီလာမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတစ်ဦးဟာ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က အွန်လိုင်းကုမ္ပဏီအား တရားစွဲဆိုတဲ့ အမှုမှာ တခြားနိုင်ငံခြားသားအချို့နဲ့အတူ သက်သေအဖြစ် တရားရုံးတမှာ ထွက်ဆိုနေရပြီး ဖိလစ်ပိုင်တရားရုံးက အပြီးသတ်ဆုံးဖြတ်ချက် ချမှတ်ပြီးရင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမယ်လို့ သံရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Exit mobile version