Site icon Migrant Times

တစ်ရက်လုပ်အားခ ကျပ် တစ်သောင်း ရရှိရေးမူကိုလက်ကိုင်ထားဆဲဟု STUMဆို

တစ်ရက်လုပ်အားခ ကျပ် တစ်သောင်း ရရှိရေးမူကိုလက်ကိုင်ထားဆဲဟု STUMဆို

ဇွန် ၁၅ ရက်
အရုဏ်ဦး၊ Migrant Times
  • စက်ရုံတချို့ဟာ အခြေခံအနည်းဆုံးအခကြေးငွေကို အနည်းငယ်တိုးပေးလာပေမယ့် တစ်ရက်လုပ်ခ ကျပ် တစ်သောင်း ရရှိရေးတောင်းဆိုချက်ကို လက်ကိုင်ထားဆဲလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)က ဆိုပါတယ်။STUMအနေနဲ့ ဒီနှစ်မေဒေးနေ့ကြေညာချက်ထဲမှာ အနည်းဆုံးတစ်ရက်လုပ်ခ ကျပ် တစ်သောင်း သတ်မှတ်ပေးဖို့ဆိုတဲ့အချက်ထည့်သွင်းတောင်းဆိုခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ စက်ရုံတချို့က တစ်ရက်လုပ်ခ ၄၈၀၀ကျပ်ကနေ ၅၆၀၀ကျပ်တိုးပေးလာကြတာဖြစ်ပြီး ဒါဟာအလုပ်သမားတွေအမှန်တကယ်လိုချင်တဲ့ပမာဏမဟုတ်ဘူးလို့ STUMတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
  • “၅၆၀၀ဆိုပြီးဘယ်လိုဖြစ်လာတယ်ဆိုတာမသိဘူး။လုပ်ငန်းရှင်တွေဆီကတသံတည်းထွက်လာတာတော့သတိထားမိတယ်။ဒီလိုအကြောင်းဖြစ်လာဖို့နောက်ကွယ်က လက်မည်းကြီးရှိမယ်လို့ ယူဆရတယ်”လို့ သူကပြောပါတယ်။ဒီလို ၅၆၀၀ကျပ်သတ်မှတ်ပေးလာတာကိုအလုပ်သမားတွေကအခြေအနေအရလက်ခံနေကြရပေမယ့် STUMအနေနဲ့ကတော့ မူလတောင်းဆိုထားတဲ့နှုန်းအတိုင်းဆက်ရပ်တည်နေမယ်လို့လည်းဆိုပါတယ်။
  • အခုလို လုပ်ခအနည်းငယ်တိုးပေးလာတာဟာ နှစ်ကြိမ်တိုင်နှုန်းထားအသစ်ပြင်ဆင်သတ်မှတ်ဖို့ပျက်ကွက်ခဲ့တာကိုပြန်ဖာထေးတဲ့သဘောဖြစ်သလို အလုပ်ရှင်ဆန္ဒရှိသလောက်တိုးပေးလိုက်တဲ့ပမာဏကို အလုပ်သမားကမဖြစ်မနေလက်ခံပေးလိုက်ရစေမယ့်အခြေအနေမျိုးဖန်တီးတဲ့သဘောတွေ့ရတယ်လို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေကဆိုပါတယ်။”၅၆၀၀ကျပ်နဲ့နှပ်ကြောင်းပေးတာပေါ့။ပြီးရင် အဲဒါအတည်ဖြစ်သွားပြီး နှုန်းထားအသစ်သတ်မှတ်ပါတယ်ဆိုပြီးရောချမယ်လို့မြင်တယ်”လို့အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။ရန်ကုန်မြို့က စက်ရုံအများစုဟာ တစ်ရက်လုပ်ခ ၅၆၀၀ကျပ်ကို ဇွန်လကစပြီးသတ်မှတ်ပေးနေပြီး တချို့စက်ရုံတွေကတော့နဂိုအတိုင်း ၄၈၀၀ကျပ်နဲ့ပဲ ဆက်လက်စေခိုင်းနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။

Exit mobile version