Site icon Migrant Times

ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့

ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့

မြန်မာအစိုးရ တောင်းဆို
ဇွန် ၂၁ ရ​က်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းကို MoU စနစ်နဲ့ စေလွှတ်တဲ့မြန်မာလုပ်သားတွေအတွက် ဗီဇာကြေး ၇၅ ရာခိုင်နှုန်း လျှော့ချပေးဖို့မြန်မာအစိုးရက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ထိုင်း – မြန်မာ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံဆွေးနွေးပွဲမှာ လုပ်သား တင်သွင်းမှု စရိတ်နဲ့ အချိန်ကို လျှော့ချဖို့၊ အလုပ်ရှင်များဟာ တရားဝင် လုပ်သားများခန့်ထားဖို့၊ ဗီဇာကြေး ဘတ် ၂၀၀၀ အစား ဘတ် ၅၀၀ အထိ လျှော့ချဖို့၊ အလုပ်သမားများကို စောင့်ရှောက်ဖို့နဲ့အကာအကွယ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
  • ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အလုပ်အကိုင် သက်တမ်း ၄ နှစ် ကုန်ဆုံးမည့် MoU မြန်မာအလုပ်သမား စီမံခန်ခွဲ‌ရေး လမ်းညွန့်ချက်ကို ထိုင်းအစိုးရက ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့အထိ ထိုင်းအစိုးရ၏ ဆုံးဖြတ်ချက်အရ အဆိုပြုထားပြီး အလုပ်သမားများကို ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်ခွင့်ပြုခြင်း၊ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသော အလုပ်သမားများ အဆင်ပြေချောမွေ့စေရန် ရက်ပေါင်း ၃၀ နေထိုင်ရန် မလိုအပ်ဘဲ ပထမဆုံး အခွင့်အရေးဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ကြောင်း အလုပ်အကိုင် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Phairot Chotiskasthira က ပြောကြားခဲ့ပါတယ်။
ကိုးကား၊ ဓာတ်ပုံ-prachachat.net
Exit mobile version