အလုပ်သမား ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ စာရွက်စာတမ်းများ တင်သွင်းချိန် ဇူလိုင် ၃၁ ရက်အထိ တိုးမြှင့်ထား
ဇွန် ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဘက်စုံပြန်လည်ကောင်းမွန် တိုးတက်ဖို့ လုပ်သားရှားပါးမှု ပြဿနာဖြေရှင်းရေးတွင် တရားမျှတမှုနှင့် အခွင့်အရေးများဆိုင်ရာ သာတူညီမျှ ရရှိဖို့ မူဝါဒတစ်ရပ် ချမှတ်ခဲ့ပြီး အလုပ်သမားများကို အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာ အစိုးရဌာန နှင့် အေဂျင်စီများ အလေးထားဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ်၏ အတွင်းရေးမှုး ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
- ရွေ့ပြောင်းအလုပ်သမားတို့၏ အလုပ်အကိုင် သက်တမ်း ၄ နှစ် ကုန်ဆုံးပြီး ကမ္ဘော ဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် ၄ နိုင်ငံ မှ အလုပ်သမားတို့၏ နိုင်ငံကူးလက်မှတ် စာရွက်စာတမ်းများကို မေလ ၁၅ ရက်နေ့ နောက်ဆုံးထားခဲ့ပြီး ဖြစ်သော်လည်း အချိန်မီ ပြင်ဆင်နိုင်ခြင်း မရှိသေးသော နိုင်ငံခြားသား လုပ်သား ၄ နိုင်ငံအား ၃၁ ဇူလိုင်လ ၂၀၂၃ ခုနှစ်ထိ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရွက်စာတမ်းများကို မှန်ကန်ပြည့်စုံစွာ ပြင်ဆင် တင်ပြ မှတ်ပုံတင်ရန် အသိပေး အကြောင်းကြားပါတယ်။
- ထိုင်း အစိုးရ၏ အလုပ်သမားဆိုင်ရာ စီမံခန့်ခွဲမှု နှင့် ချဉ်းကပ်မှုကို စီးပွားရေး၏ လုပ်ငန်းရှင် နှင့် အလုပ်သမားတို့၏ နှစ်ဦးစလုံးက ကောင်းစွာ လက်ခံခဲ့ပြီး အချိန်နှင့် တစ်ပြေးညီ ဖြေရှင်းပေးနေသည့် အစိုးရ၏ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။နိုင်ငံရပ်ခြား အလုပ်သမားများကို စီမံခန့်ခွဲရာတွင် တက်ကြွစွာ ဆောင်ရွက်မှုများ နှင့်အတူ နိုင်ငံကူးလက်မှတ်နှင့်ဗီဇာများ အချိန်မီ မထုတ်ပေးနိုင်သော နိုင်ငံခြားသား အလုပ်သမား ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ကျော်အား လုပ်သားရှားပါးမှုပြဿနာကို လျှော့ချဖို့ ကူညီဆောင်ရွက်လျက်ရှိကြောင်း မစ္စတာ အနုချာ ဘူရာပါချိုင်းဆရီ က ပြောကြားပါတယ်။
ကိုးကား၊ ဓာတ်ပုံ-mgronline