ရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်လုပ်ခွင့်ရဖို့ လစဥ်ကြေး ပေးနေရ
ဇွန် ၂၃ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ၊ ဘန်ကောက်နဲ့ အနီးအနားရှိ ပြည်နယ်တွေကရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လုပ်ကိုင်ခွင့်ရဖို့အတွက် ဘတ် ၁,၀၀၀ ကနေဘတ် ၂,၀၀၀ ထိ လစဥ်ကြေး ပေးဆောင်နေရတယ်လို့ သိရပါတယ်။ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားများ အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖို့ လစဉ်ကြေး ပေးဆောင်နေရကြောင်း၊ မပေးရင် ဖမ်းဆီးခံရပြီး နယ်စပ်ကို ပြန်ပို့ခံရမှာ ဖြစ်ကြောင်း အမည်မဖော်လိုသည့် မဟာချိုင်မှ အလုပ်သမားတစ်ဦးက ပြောပါတယ်။ရွှေ့ပြောင်းအလုပ်သမား နေထိုင်မှုများတဲ့ နေရာမှာ တစ်စုံတစ်ဦးက လာရောက်စစ်ဆေးတဲ့အခါ အမည်စာရင်းပါရင် လွှတ်ပေးပြီး အမည်စာရင်း မပါရင် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရတယ်လို့ သိရပါတယ်။ စတစ်ကာ ကတ်ပုံစံနဲ့ တစ်ဦးကို ဘတ် ၁,၀၀၀ ကနေ ဘတ် ၂,၀၀၀ အထိ လစဥ်ကြေးအနေနဲ့လည်း ပေးဆောင်နေရတယ်လို့ သိရပါတယ်။တရားဝင် ရွှေ့ပြောင်းအလုပ်သမားရော၊ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမားရော လစဥ်ကြေး ပေးဆောင်နေရတယ်လို့ သိရပါတယ်။
ကိုးကား-mgronline