ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ

ထိုင်းမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်မိလို့ မြန်မာအလုပ်သမားတစ်ဦး ဒဏ်ရာရ

ဇွန် ၃၀ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ပြည်နယ်၊ ဖရသမွတ်စေတီမြို့နယ်၊ ခြောင်ဘန်ပါလာရပ်ကွက်မှာ ရှိတဲ့ စက္ကူဖြတ်စက်ရုံမှာ စက္ကူဖြတ်စက်အတွင်းမှာ ခေါင်းညှပ်သွားတဲ့ မြန်မာအလုပ်သမားတစ်ဦးကို ကူညီကယ်ဆယ်ရေးသမားတွေက ကူညီကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းရုပ်သံ Channel-7 မှာ ဖော်ပြပါတယ်။အသက် ၃၂ နှစ်အရွယ် မြန်မာအလုပ်သမားဟာ စက္ကူဖြတ်စက် ချို့ယွင်းမှုကြောင့် စက်ကိုစစ်ဆေး ပြုပြင်အပြီးစက်ထိန်းဆရာက စက်ဖွင့်ချိန်မှာ စက်မှာ ညှပ်မိတာလို့ သိရပါတယ်။စက္ကူဖြတ်စက်မှာ ညှပ်မိနေတဲ့ သူ့ရဲ့ ဦးခေါင်းကို အချိန် ၁၅ မိနစ်ကျော်ကြာ ကူညီကယ်ဆယ်ပြီး ဖရသမွတ်စေတီမြို့နယ်ဆေးရုံမှာ ပို့ဆောင်ကုသထားကြောင်း သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *