Site icon Migrant Times

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို

ထိုင်းစီးပွားရေးအကျပ်အတည်းမှာ လုပ်သားလျှော့ချမှု မဖြစ်စေဖို့ အောက်လွှတ်တော် ဥက္ကဋ္ဌ ရွေးချယ်ပြီး အစိုးရအမြန်ဖွဲ့ဖို့ FTI တောင်းဆို

ဇူလိုင် ၆ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် မစ္စတာ ၀မ်းမိုဟာမက် နော်မာထား အား ရွေးချယ်တင်မြှောက်ခံရပြီး အချိန်ဇယားအတိုင်း ဇူလိုင်လတွင် အစိုးရအပြီး ဖွဲ့စည်းနိုင်ရန် အရေးကြီးကြောင်း နှင့် သွင်းကုန် ထုတ်ကုန် ပို့ကုန်များ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး အထောက်အကူပြုဖို့ အရေးကြီး လိုအပ်ကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ဥက္ကဋ္ဌ မစ္စတာ Kriangkrai Thiennukul က ပြောကြားပါတယ်။စီးပွားရေး စစ်တမ်းကောက်ယူမှုအရ လုပ်ငန်းများဖြစ်သည့် ပရိဘောဂလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း နှင့် သံမဏိလုပ်ငန်း အထည်အလိပ် စသည့် လုပ်ငန်း ၂၃ ခု မှာ လုပ်ငန်းခွင်ရပ်စဲခြင်း မရှိသေးကြောင်း သိရပြီး လာမည့် နှစ်ကုန်မှာ ထုတ်ကုန် နှင့် ပို့ကုန်ကဏ္ဍ အားမကောင်းရင် အလုပ်သမားများ နုတ်ထွက်ခြင်း ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းသိရှိပါတယ်။
  • ထိုင်းနိုင်ငံတွင် တရား၀င် အစိုးရ တစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန် မျှော်လင့်ပြီး အစိုးရသစ်အနေနဲ့ ပို့ကုန်ကဏ္ဍကို အရေးတကြီး တွန်းအားပေးဖို့ နှင့် ပို့ကုန်ဈေးကွက်သစ်တွေ ချဲ့ထွင်ဖို့ ပုဂ္ဂလိကများ ဦးဆောင်သောလုပ်ငန်းတွင် အရေးကြီး ဆောင်ရွက်ရန်လိုအပ်ကြောင်း လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (FTA) နိုင်ငံများကို အရှိန်မြှင့် ပူးပေါင်းရန် တိုက်တွန်းထားသည်။
  • ထိုင်းပြည်တွင်း စီးပွားရေး၏ အကျပ်အတည်းမှာ အိမ်ထောင်စု ကြွေးမြီ၏ ၉၀ ဒသမ ၆ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးနှင့် အတိုးအပါအဝင် ထိုင်းလူမျိုးများ နေထိုင်မှု စရိတ်ကြီးမြင့်မှုသည် ၀ယ်လိုအား နှေးကွေးစေရန် ဖိအားတစ်ခု လည်းဖြစ်ပြီး အစိုးရသစ်တက်လာပါက စီးပွားရေးကို အရှိန်အဟုန်မြှင့်တင်ရန် ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) စောင့်မျှော် နေကြောင်းသိရပါတယ်။
ကိုးကား-www.matichon.co
Exit mobile version