ထိုင်းနိုင်ငံမှာ ရော်ဘာခြံပိုင်ရှင်နဲ့ မြန်မာလုပ်သား ၃ ဦး ပစ်သတ်ပြီး မီးရှို့ခံရ
ဇူလိုင် ၁၇ ရက်
Migrant Times
- ထိုင်းနိုင်ငံတောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ် ကျေးရွာ မူထိ ၁၉ မှာ ရော်ဘာြခံပိုင်ရှင် ၁ ဦးနဲ့ ရော်ဘာခြံအလုပ်သမား မြန်မာ ၃ ဦး၊ ခွေးတစ်ကောင် ပစ်သတ်ခံရကြောင်းသိရပါတယ်။အခင်းဖြစ်တဲ့နေရာဟာ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ နာဆက်ကျေးရွာအုပ်စု၊ ဘန်တလတ်ကျေးရွာ တောတောင်ထဲမှာဖြစ်ပြီး ၀င်ထွက်သွား လာရခက်ခဲသောနေရာ ဖြစ်တယ်လို့ သိရပါတယ်။အိမ်ပိုင်ရှင် Mr. Prayong Somnuk (၆၁ နှစ်) နဲ့ မြန်မာ အလုပ်သမား ၃ ဦးဟာ အိမ်နောက်ဘက်မှာ သေဆုံးနေပြီးမီးလောင်ကျွမ်းနေတဲ့ ဆိုင်ကယ်တစ်စီး ဘေးမှာ ထိုင်းခွေး တစ်ကောင် ပစ်သတ် မီးရှို့ခံရတာကို တွေ့ရှိကြောင်း ဆ၀ီမြို့နယ် Nasak ရဲစခန်းမှ ရဲမှူးကြီး Chakra Saowakon က ပြောပါတယ်။
- စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ဘန်တလတ်ကျေးရွာတွင် ရော်ဘာခြံပိုင်ရှင်ဖြစ်တဲ့ Mr. Prayong Somnuk (၆၁ နှစ်) ဟာ ရော်ဘာခြံချင်း ကပ်လျက်ရှိထိုင်းလူမျိုးနဲ့ ရန်ငြိုးဖွဲ့ အပြန်အလှန် စကားများပြီး မြန်မာအလုပ်သမားကို ရော်ဘာချေးခိုးသည်ဟု စွပ်စွဲပြီး အကြိမ်ကြိမ် ဖိနှိပ် ခြိမ်းခြောက် နှင်ထုတ်ခဲ့ကြောင်း သိရပါတယ်။သေနတ်သမားဟာ သေနတ်အရှည်တစ်လက်အသုံးပြုကာ သေဆုံးသူ၏ နေအိမ် အတွင်းသို့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးချင်းကို ပစ်ခတ်ပြီး Mr. Prayong က အခင်းဖြစ်ပွားမှုကိုမြင်တော့ ထွက်ပြေးဖို့ ကြိုးစားချိန် သေနတ်သမားက လိုက်လာပြီး အချက်ပေါင်းများစွာပစ်ခတ်ကာအိမ်ရှင်၏ကားကို ခိုးယူ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ဆ၀ီမြို့နယ်၊ Nasak ရဲတပ်ဖွဲ့ဝင်တွေက ခြေရာခံ ဖမ်းဆီးနိုင်ရေး အမြန် ဆောင်ရွက်နေကြောင်း သိရပါတယ်။