Site icon Migrant Times

လုပ်အားခတိုးမပေးတဲ့စက်ရုံတွေမှာအလုပ်ထွက်သူများနေ

လုပ်အားခတိုးမပေးတဲ့စက်ရုံတွေမှာအလုပ်ထွက်သူများနေ

ဇူလိုင် ၁၇ ရက်
အရုဏ်ဦး၊ Migrant Times
  • လုပ်အားတိုးမြှင့်မပေးနိူင်တဲ့စက်ရုံတွေမှာ အလုပ်ထွက်သူတွေများနေတာကြောင့် အဲဒီစက်ရုံတွေအနေနဲ့လုပ်သားလိုအပ်ချက်ပြသနာတွေရှိနေတယ်လို့ စက်ရုံလုပ်သားအသိုင်းအဝိုင်းထံကသိရပါတယ်။ရန်ကုန်မြို့က စက်ရုံတချို့ဟာ ဇွန်လကစပြီး တရက်၄၈၀၀ ကျပ်ထက်ပိုတဲ့ လုပ်အားခတိုးမြှင့်ပေးခဲ့ပြီး တချို့စက်ရုံတွေကတော့ နဂိုလုပ်အားခအတိုင်းပေးကာလည်ပတ်နေကြတာဖြစ်ပါတယ်။အဲဒီလို လုပ်အားခတိုးမပေးတာကြောင့် လုပ်ခပိုရတဲ့စက်ရုံတွေဆီပြောင်းရွှေ့လုပ်ကိုင်တာတွေဖြစ်လာ​ကြတယ်လို့ အလုပ်သမားတွေကဆိုပါတယ်။
  • “လုပ်ခတိုးတောင်းဖို့ကလည်း ပြသနာဖြစ်မှာစိုးလို့ကိုယ့်ဘာသာဘဲအလုပ်ပြောင်းကြတာ။နေရာတိုင်းမှာအလုပ်သစ်ပြောင်းတာတွေဖြစ်နေတယ်”လို့ ရွှေပြည်သာမြို့နယ်ကစက်ရုံလုပ်သားတစ်ဦးကပြောပါတယ်။ကျွမ်းကျင်လုပ်သားတွေအနေနဲ့တရက်လုပ်ခ ၄၈၀၀ကျပ်နဲ့မလုပ်နိူင်တဲ့အတွက်လုပ်ခပိုရတဲ့ဆီပြောင်းကြပြီးတချို့ကအလုပ်အသစ်ရှာနေကာ လုပ်ငန်းအတွေ့ကြုံနည်းသူအများစုကသာ မူလစက်ရုံတွေမှာ ကျန်နေကြတယ်လို့ အလုပ်သမားခေါင်းဆောင်တချို့ကဆိုပါတယ်။”လုပ်မတိုးပေးတဲ့စက်ရုံတွေအနေနဲ့ကတော့ကြာလေအလုပ်သမားရှားလေဖြစ်လာမယ့်အနေအထားရှိတယ်”လို့ စက်လိုင်းခေါင်းဆောင်တစ်ဦးကပြောပါတယ်။
  • လက်ရှိအချိန်မှာ လုပ်ခတိုးပေးတဲ့စက်ရုံတွေထဲကအများစုဟာ တရက်လုပ်ခ ၅၆၀၀ကျပ်သတ်မှတ်ပေးလာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့လက လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုတဲ့အလုပ်သမားတချို့ဖမ်းဆီးခံရပြီးတဲ့နောက် လုပ်အားခတိုးတောင်းတာတွေတိတ်သွားပြီး လုပ်ခများတဲ့ဆီရွှေ့ပြောင်းမူတွေရှိလာတာလို့လည်းသူတို့ကဆိုပါတယ်။အခုလို စက်ရုံတချို့က တရက်လုပ် ၅၆၀၀ကျပ်ပေးလာပေမယ့် အလုပ်သမားအဖွဲ့အစည်းတွေကတော့တရက်လုပ်ခ ၁၀၀၀၀ကျပ်ပေးဖို့ တောင်းဆိုထားကြဆဲဖြစ်ပါတယ်။

Exit mobile version