Site icon Migrant Times

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ကျော်စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၅၀ ကျော်စေလွှတ်

ဇူလိုင် ၁၈ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၅၁ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ ကုန်ထုတ်လုပ်သားသစ် (၆၃)ဦး၊ စိုက်မွေးလုပ်သားသစ် (၇၉) ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် (၉) ဦး၊ စုစုပေါင်း (၁၅၁) ဦးဟာ ဒီက​နေ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။အခုနှစ်မေလက ​မြန်မာလုပ်သား ၂၉၉ ဦးကို တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း မြန်မာလုပ်သား ၉၁၉ ဦး စေလွှတ်ခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့
Exit mobile version