ထိုင်းမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ငါးဖမ်းလှေတွေကို

ထိုင်းမှာ တရားမ၀င် ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ငါးဖမ်းလှေတွေကို

ရှောင်တခင်စစ်ဆေး
ဇူလိုင် ၂၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ စတွန်ပြည်နယ်၊ လငူမြို့နယ်၊ ပက်နမ်ကျေးရွာအုပ်စု၊ ပက်ဘာရာရွာ၊ ပတ်ဘာရာဆိပ်ကမ်းမှာ တရားမ၀င်ရွှေ့ပြောင်းအလုပ်သမားနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးအတွက် ကမ်း၀င် ငါးဖမ်းလှေတွေကို ကမ်းခြေ‌ဒေသလူ၀င်မှုကြည့်ကြပ်ရေး ရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။စတွန်ပြည်နယ်၊ လငူမြို့နယ်၊ ပက်ဘာရာကျေးရွာ၊ လီပေကျွန်း ကမ်း၀င် ငါးဖမ်းလှေတွေပေါ်မှာ ငါးဖမ်းလှေလိုင်စင် စစ်ဆေးခြင်းနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား လူမှောင်ခိုကူးတာတွေကို အထူးစစ်ဆေးရေး ပြုလုပ်နေကြောင်း လငူမြို့နယ်၊ လီပေကျွန်းဒေသ လုံခြုံရေးအကြီးအကဲ Mr. ကာဆိစ် ဟော်ဘွတ်စ်က ပြောပါတယ်။လီပေကျွန်း၊ ပက်ဘာရာဆိမ်ကမ်းမှာ ငါးဖမ်းလှေ ၁၀ စီးကို ရှောင်တခင် စစ်ဆေးခဲ့တာလို့ သိရပါတယ်။
ကိုးကား- dailynews.co.th

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *