Site icon Migrant Times

ငွေစျေးမငြိမ်လို့ ပြည်ပသွားမယ့်လုပ်သားတွေဝန်ဆောင်ခ ပိုကုန်ကျဖို့ရှိနေတယ်လို့ဆို

ငွေစျေးမငြိမ်လို့ ပြည်ပသွားမယ့်လုပ်သားတွေဝန်ဆောင်ခ ပိုကုန်ကျဖို့ရှိနေတယ်လို့ဆို

ဇူလိုင် ၂၄ ရက်
အရုဏ်ဦး၊ Migrant Times
  • ကျပ် နှစ်သောင်းတန်ငွေစက္ကူထုတ်မယ်ဆိုတဲ့သတင်းကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းမှုရှိလာခဲ့ရာ ပြည်ပသွားရောက်လုပ်ကိုင်မယ့်အလုပ်သမားတွေအပေါ်အဲဒီရိုက်ခတ်မှု ရှိလာနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီအသိုင်းအဝိုင်းဆီကသိရပါတယ်။ဒီရက်ပိုင်းမှာ အမေရိကန်ဒေါ်လာနဲ့ ​နိုင်ငံခြားငွေတန်ဖိုးတွေမြင့်တက်လာတာကြောင့် အလုပ်သမားတွေပေးဆောင်ရမယ့်ဝန်ဆောင်ခငွေပမာဏပါတိုးလာစေတာဖြစ်တယ်လို့ သူတို့ကဆိုပါတယ်။”အရင်ကဝန်ဆောင်ခအတွက်ကုန်ကျငွေကျပ်သိန်း၅၀မှန်းထားရင်အခု ၅၅သိန်း၊သိန်း ၆၀လောက်ကုန်မယ့်အနေအထားဖြစ်သွားတယ်”လို့ အေဂျင်စီတစ်ခုရဲ့ကိုယ်စားလှယ်တစ်ဦးကပြောပါတယ်။
  • လက်ရှိအမေရိကန်ဒေါ်လာစျေးဟာ ကျပ်နှစ်သောင်းတန်ငွေစက္ကူထုတ်မယ်ဆိုပြီးမကြေညာခင်ကထက် ကျပ် ၅၀၀ ကျော်မြင့်တက်သွားပြီး အပြင်ပေါက်စျေးတစ်ဒေါ်လာကို ၃၆၀၀နီးပါးရှိနေတာဖြစ်တယ်လို့ စျေးကွက်အတွင်းကသိရပါတယ်။အဲဒီလို ငွေလဲစျေးမတည်ငြိမ်မှုကြောင့် ပြည်ပသွားရောက်မယ့်သူတွေ ဝန်ဆောင်ခငွေသွင်းဖို့အခက်အခဲရှိနေကြတယ်လို့လည်း ဆိုပါတယ်။”ဒေါ်လာဝယ်ဖို့ကလည်းမလွယ်ဘူး။မြန်မာငွေနဲ့သွင်းလည်းလက်ရှိနိုင်ငံ​ခြားငွေစျေးကတက်နေတော့ ပိုကုန်တော့မှာတော့ သေချာနေပြီ။ အကြွေးထပ်ယူဖို့ကလည်းမလွယ်ဘူး”လို့ ဂျပန်သွားဖို့ပြင်ဆင်နေသူတစ်ဦးကပြောပါတယ်။
  • မြန်မာ ကျပ်ငွေတန်ဖိုးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကျဆင်းခဲ့တာဖြစ်ပြီး အဲဒီမတိုင်ခင်က အမေရိကန် တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာရှိခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ကျပ်နှစ်သောင်းတန်ငွေစက္ကူအသစ်ဂယက်ကြောင့် ပြည်တွင်းစားသောက်ကုန်စျေးနှုန်းတွေလည်း တရိပ်ရိပ်တက်လာနေတယ်လို့ စားသုံးသူတွေက ဆိုပါတယ်။

Exit mobile version