Site icon Migrant Times

ထိုင်းကနေ မလေးရှားသွားမယ့် တရားမဝင်အလုပ်သမား ၁၀ ဦးကို ရနောင်းစစ်တပ် ဖမ်းမိ

ထိုင်းကနေ မလေးရှားသွားမယ့် တရားမဝင်အလုပ်သမား ၁၀ ဦးကို ရနောင်းစစ်တပ် ဖမ်းမိ

ဩဂုတ် ၁ ရက်
ခွန်သောမတ်၊ Migrant Times
  • မလေးရှားနိုင်ငံမှာ တရားမဝင်လမ်းကြောင်းနဲ့ အလုပ်သွားလုပ်မယ့် မြန်မာအလုပ်သမား ၁၀ ဦးနဲ့ ကားသမား ၂ ဦးကို ရနောင်းစစ်တပ်က သတင်းကြိုရပြီး ရှောင်တခင်ဖမ်းဆီးခဲ့ပါတယ်။ဇူလိုင်လ ၃၁ ရက်ည ၁၀ နာရီခန့်က ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ မိုင်တိုင် ၇၀၊ အမှတ် ၂၅၂၁ ခြေလျင်တပ်စစ်ဆေးရေးဂိတ်ကနေ တရားမဝင်လူပို့ကားဖြတ်သန်းမယ်လို့ သတင်းကြိုရတာကြောင့် အာဏာပိုင်​‌တွေပူးပေါင်းဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ကားသမား ၂ ဦးအပါအဝင် တရားမဝင်မြန်မာအလုပ်သမား အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၂ ဦးကို အုပ်စု ၂ ၊ နာခါကျေးရွာ၊ စု(က်)စမ်ရမ်မြို့မှာ ဖမ်းဆီးမိခဲ့တာပါ။အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံ၊ ကော့သောင်းမြို့ဘက်ကနေ ရနောင်းခရိုင်ကို ရေလမ်းက​ေန ထိုင်းစစ်တပ်စစ်ဆေးဂိတ်တွေကို ရှောင်ပြီး ရောက်လာတာဖြစ်ပါတယ်။
  • ထိုင်းဘက်ခြမ်းကိုရောက်တာနဲ့ မြန်မာပွဲစားတွေပြင်ဆင်ပေးထားတဲ့ကားတွေနဲ့ ထိုင်း-မလေးရှားနယ်စပ်ကို ထပ်မှာ ခရီးဆက်ရမှာဖြစ်ပါတယ်။မလေးရှားနိုင်ငံ အလုပ်လုပ်ရမယ့်နေရာရောက်မှ ပွဲစားခအနေနဲ့ ဘတ် ၃၅,၀၀၀ စီ ပေးချေရမယ်လို့ အဖမ်းခံရသူတွေက ထွက်ဆိုထားပါတယ်။ဖမ်းဆီးမိသူအားလုံးကို စု(က်)စမ်ရမ်ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး တရားဥပဒေအရ အပြစ်ပေးအရေးယူမယ်လို့ သိရပါတယ်။

Exit mobile version