Site icon Migrant Times

ထိုင်းထီ ဘတ် ၆ သန်းဆု ကရင်အမျိုးသားတစ်ဦး ကံထူး

ထိုင်းထီ ဘတ် ၆ သန်းဆု ကရင်အမျိုးသားတစ်ဦး ကံထူး

ဩဂုတ် ၃ ရက်
စကားဝါ၊ Migrant Times
  • နောက်ဆုံးထွက်ရှိထားတဲ့ ထိုင်းထီရဲ့ အမြင့်ဆုံးဆု ဘတ် ၆ သန်းဆုကို ထိုင်းနိုင်ငံ၊ ကန်ကျနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်၊ နောင်းလူကျေးရွာက ရေခဲဆိုင်တခုမှာ အလုပ်လုပ်ကိုင်နေတဲ့ ကရင်အမျိုးသားတစ်ဦး ဆွတ်ခူးရရှိခဲ့ပါတယ်။တစ်လမှာ နှစ်ကြိမ်ဖွင့်ပြီး အမြင့်ဆုံးဆု အဖြစ် ဘတ် ၆ သန်းချီးမြှင့်တဲ့ ထိုင်းထီကို ထိုင်းရောက်မြန်မာရွေ့ပြောင်းတွေသာမက ပြည်တွင်းကလူတွေပါ စိတ်ဝင်တစား ထိုးလာနေကြတာဖြစ်ပါတယ်။အမြင့်ဆုံးဆုအဖြစ် ထီလက်မှတ်တစ်စောင်တည်းကသာ ဆွတ်ခူးနိုင်တာမဟုတ်ဘဲ ပေါက်မဲနံပါတ်ပါဝင်တဲ့ ထီလက်မှတ်တိုင်း ဘတ် ၆ သန်းကို ရရှိနိုင်တာကြောင့် စိတ်ဝင်စားမှုများပြားနေကြတာပါ။ထီဝယ်ယူမှု များလာတာနဲ့အမျှ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကြားမှာ မကြာခဏ ထီဆုကြီးတွေ ဆွတ်ခူးနိုင်တဲ့ မင်္ဂလာသတင်းတွေလည်း ရှိလာနေပါတယ်။

Exit mobile version