ပြည်ပရောက်မြန်မာတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီဘဏ်ကေနလွှဲဖို့ သတ်မှတ်မှု လက်တွေ့မှာအဆင်မပြေ
ဩဂုတ် ၃ ရက်
စကားဝါ၊ Migrant Times
- ပြည်ပရောက်မြန်မာတွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း မိသားစုဆီဘဏ်ကေနလွှဲဖို့ သတ်မှတ်မှု လက်တွေ့မှာအဆင်မပြေဘူးလို့ပြည်ပရောက် မြန်မာအလုပ်သမားတွေက Migrant Times ကိုပြောပါတယ်။ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့မိသားစုတွေဆီ ငွေလွှဲရာမှာ တရားဝင်ဘဏ်စနစ်ကနေ အခြေခံလစာရဲ့ ၂၅ ရာခိုင်နှုန်းလွှဲဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဩဂုတ်လ ၂ ရက်က ပြောခဲ့ပါတယ်။“ ကျွန်မတို့က ဘဏ်စနစ်ကိုသုံးဖို့ခက်တယ်ဆိုတာက ကျွန်မတို့နယ်မှာ နဂိုကတည်းကဘဏ်မရှိဘူး။ အခုဆို တိုက်ပွဲတွေဖြစ်တော့ သွားရေးလာတာကအစခက်ခဲတယ်။ မလုံခြုံတာတွေရှိတယ်။ ဒီတော့ ဟွန်ဒီကနေလွှဲတာက ပိုအဆင်ပြေတယ်။ အရင်က K payသုံးသေးတယ်။ ဒါပေမဲ့ အခုကကျ သွင်းတာရော၊ ဟိုဘက်ကထုတ်တာရော ပိုက်ဆံကပိုကုန်နေတယ်။ အဲ့ဒါနဲ့မသုံးဖြစ်တော့ဘူး ” လို့ မဟာချိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မချိုမာ က ပြောပါတယ်။
- စစ်ကောင်စီက ဘဏ်စနစ်ကနေ ငွေလွှဲဖို့ စီစဉ်နေတယ်ဆိုပေမယ့် မြန်မာလုပ်သား အများစုဟာ ငွေလွှဲခြင်းကို K pay၊ Wave pay စတဲ့ ငွေအလွယ်တကူလွှဲလို့ရတဲ့ အင်ပလီကေးရှင်း တွေကို အသုံးပြုပြီး လုပ်ဆောင်နေကြတာြဖစ်ပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေပြင်းထန်လာတဲ့နေရာတွေက လူတွေကတော့ ဟွန်ဒီလို့ခေါ်တဲ့ ငွေလွှဲပွဲစားတွေကနေ ပေးပို့တဲ့စနစ်ကို ပြန်လည်အသုံးပြုလာကြတယ်လို့ သိရပါတယ်။“ တကယ်လို့ သူတို့က ဘဏ်ကနေငွေလွှဲစေချင်ရင် ငွေလဲနှုန်းတွေက တည်ငြိမ်ရမယ်၊ ပေါက်ဈေးဖြစ်ရမယ်။ လုံခြုံမှုရှိရမယ်။ အခုက K pay လိုမျိုးတောင် ပိတ်ချင်သလိုပိတ်၊ ဖြတချင်သလိုဖြတ် လုပ်နေကြတာလေ။ အလုပ်သမားတွေ မယုံတာ၊ မသုံးတာက မဆန်းပါဘူး ” လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုရဲ့ ဒါရိုက်တာက ထောက်ပြပါတယ်။မနေ့ကပြုလုပ်တဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေး ကော်မတီအစည်းအဝေးမှာ အေဂျင်စီတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ပတ်သက်လို့လည်း ပြောဆိုမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။