မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ

မဲဆောက်အထွက် စစ်ဆေးရေးဂိတ်မှာ မြန်မာ ၅၃ ဦး ဖမ်းဆီးခံရ
- ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက် နယ်စပ်မြို့ အထွက် Huai Hin Fon ဘန်ဟွေဟင်ဖွန် စစ်ဆေးရေးဂိတ်မှာ တရားမ၀င် မြန်မာလုပ်သား အမျိုးသား၊ အမျိုးသမီး ၅၃ ဦးတင်ဆောင်လာတဲ့ ၆ ဘီးထရပ်ကားကို ဖမ်းဆီးရမိကြောင်း မန်နေဂျာ အွန်လိုင်း သတင်းဌာနမှာ ဖော်ပြပါတယ်။စိုက်ပျိုးလယ်ယာ ထွက်ကုန်တွေတင်ဆောင်လာတဲ့ ၆ ဘီး ကုန်တင်ယာဉ်ပေါ်မှာ စိုက်ပျိုးရေးထုတ်ကုန်နဲ့အတူ တရားမ၀င် အလုပ်သမားေတွ တင်ဆောင်ပြီး ဘန်ကောက်ကို ပို့ဆောင်စဥ် ဖမ်းဆီးမိခဲ့တာလို့ သိရပါ တယ်။
- ဖမ်းဆီးခံရတဲ့ တရားမ၀င် အလုပ်သမားတွေဟာ မြဝတီနယ်စပ်ကနေ လာပြီး တချို့က နယ်စပ် ဖြတ်သန်းခွင့် စာရွက်ပါရှိကြောင်း သိရပါတယ်။ကားထဲမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမားတွေ ပါလာတယ်ဆိုတာ မသိဘူးလို့ ယာဥ်မောင်း Mr. Sakarin အသက် ၃၇ နှစ် က အာဏာပိုင်များထံ ထွက်ဆိုခဲ့ပြီး ကားမောင်းခ ဘတ် ၁ သောင်းသာရရှိတယ်လို့ ဆိုပါတယ်။သူတို့ကို ဥပဒေအရ ပြင်းထန်စွာ အရေးယူဖို့ စုံစမ်းစစ်ဆေးနေကြောင်း မဲဆောက်မြို့နယ် အရာရှိကြီးက ပြောပါတယ်။