Site icon Migrant Times

ထိုင်းမှာ တရားဝင်နေထိုင်ခွင့်အတွက် ဘတ်ရိုက်ဖို့ Name List တင်မရတော့

ထိုင်းမှာ တရားဝင်နေထိုင်ခွင့်အတွက် ဘတ်ရိုက်ဖို့ Name List တင်မရတော့

ဩဂုတ် ၄ ရက်
စကားဝါ၊ Migrant Times
  • ထိုင်းအာဏာပိုင်တွေက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ တရားဝင်ဖြစ်လာဖို့အတွက် ပြုလုပ်ပေးတဲ့ ပန်းရောင်ကဒ်(ဘတ်) လုပ်ငန်းစဉ်အတွက် နာမည်စာရင်းကောက်ခံမှုဟာ ဇူလိုင်လ ၃၁ ရက်မှာ ယခုအကြိမ်အတွက် ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ VIP တွေအတွက် လုပ်ပေးနေတဲ့ လုပ်ငန်းစဉ်ရှိနေသေးတယ်ဆိုပြီး လိမ်လည်မှုတွေရှိလာသလို Name List တင်တာအတွက် ငွေကြေးမတောင်းခံပေမယ့် ပြန်ကျလာတဲ့ Name List ကိုထုတ်ယူဖို့ ဘတ်သောင်းဂဏန်းဝန်းကျင် ငွေကြေးတောင်းခံမှုတွေရှိနေတာကို တွေ့ရပါတယ်။
  • ဒါနဲ့ပတ်သက်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာနလက်အောက်မှာ အလုပ်လုပ်ကိုနေသူ တစ်ဉီးက “ အခုက အွန်လိုင်းကနေလည်း ဖောင်တင်တာကိုပိတ်လိုက်ပြီ။ ရုံးတွေမှာလည်း လက်မခံတော့ဘူး။ ၃၁ ရက်နေ့က နောက်ဆုံးပဲ။ ဒါကိုလည်း အကြိမ်ကြိမ် ပြောဆို ကြေညာဖြန့်ဝေခဲ့တယ်။ ပြီးတော့ Name List တင်တာက သူဌေးရှိရင် သူဌေးကလုပ်ပေးရင် အခမဲ့ပဲ။ ဒါပေမဲ့ ပွဲစားနဲ့လုပ်ရင်တော့ အပိုကုန်ကျစရိတ်တွေရှိနိုင်ပေမယ့် သောင်းဂဏာန်းလောက်တောင်းတာကျတော့ များလွန်းပါတယ်။ ဘတ်ထွက်လာလို့ ထပ်မပေးရတော့ဘူးဆိုရင်တော့ တစ်မျိုးပေါ့ ” လို့ ရှင်းပြပါတယ်။လက်ရှိအချိန်မှာတော့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေအတွက် ဖွင့်လှစ်ထားတဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ Name List တင်ပေးမယ်ဆိုတဲ့ ေကြာ်ငြာတွေ တွေ့ရှိနေရတုန်းပါပဲ။
ဓာတ်ပုံ-globe.co.th
Exit mobile version