နှစ်နှစ်ကျော်အတွင်း အလုပ်သမား ဝန်ကြီးသုံးဦးပြောင်းပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေမကျ
ဩဂုတ် ၄ ရက်
အရုဏ်ဦး၊ Migrant Times
- နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီခန့်အလုပ်သမားဝန်ကြီး သုံးဦးအထိအပြောင်းအလဲရှိခဲ့ပေမယ့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေက ဆက်ပြီးကြီးထွားနေဆဲဖြစ်တယ်လို့ ပြည်တွင်းအလုပ်သမားအရေးလှုပ်ရှားသူတွေကပြောပါတယ်။အလုပ်သမားဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ ဒေါက်တာပွင့်ဆန်းဟာ ဩဂုတ်လ ၂ရက်က အနားပေးခံရပြီး သူ့မတိုင်ခင်က ဦးမြင့်ကြိုင်က အလုပ်သမားဝန်ကြီးတာဝန်ယူခဲ့တာဖြစ်ပါတယ်။ဦးမြင့်ကြိုင်ကို လဝက ဝန်ကြီးတာဝန်ပြောင်းလိုက်ပြီးနောက် ဒေါက်တာပွင့်ဆန်းက အလုပ်သမားဝန်ကြီးဖြစ်လာခဲ့ပြီး အခုဒေါက်တာပွင့်ဆန်းနေရာကို ဦးမြင့်နောင် အားကစားထိုးခန့်လိုက်တာဖြစ်ပါတယ်။
- အခုလိုအလုပ်သမားဝန်ကြီးတွေ မကြာခဏပြောင်းခန့်ပေမယ့် ပြည်တွင်းအလုပ်သမားအခွင့်အရေးဆုံးရူံးမူတွေကဆက်လက်ဖြစ်ပေါ်နေသလို အလေးထားဖြေရှင်းပေးမှုတွေကအားနည်းနေဆဲဖြစ်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးကပြောပါတယ်။”အလုပ်သမားတွေကြုံတွေ့နေရတဲ့အခြေအနေမှန်ကိုမသိတာလား။ သိရဲ့နဲ့မသိကျိုးကျွံပြုတာလားတော့မပြောတတ်ဘူး။ လူသာပြောင်းတယ်၊ စနစ်ကမပြောင်းသွားဘူး”လို့ သူက ပြောပါတယ်။ပြည်တွင်းအလုပ်သမားတွေအနေနဲ့ အချိန်ပိုတွေမတန်တဆလုပ်နေကြရတာ၊ အချိန်ပိုကြေးအပြည့်မရတာ၊ အထည်စံချိန်ပြည့်အောင် လုပ်အားညှစ်ထုတ်ခံရတာ၊ သမဂ္ဂဝင်လုပ်သားတွေအလုပ်ထုတ်ခံရတာစတဲ့ အခွင့်အရေးချိုးဖောက်ခံရမှုတွေကြုံတွေ့နေရတာလို့ဆိုပါတယ်။
- “တိုင်လို့ အလုပ်သမားရုံးကလာစစ်ရင်လည်း အလုပ်ရှင်ဘက်ကလိုက်ပြီး ရပ်တည်ပေးတာတွေကြုံနေရတာ”လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တစ်ဦးကပြောပါတယ်။ပြီးခဲ့တဲ့ ဒေါက်တာပွင့်ဆန်း အလုပ်သမားဝန်ကြီးဝေန်ယူခဲ့စဥ်ဇွန်လအတွင်းက လုပ်ခလစာတိုးပေးဖို့တောင်းဆိုတဲ့အလုပ်သမား၇ဦးနဲ့ကူညီသူ ၃ဦးဖမ်းဆီးခံရတာဟာ အဆိုးရွားဆုံးဖြစ်ရပ်အဖြစ်ရှိခဲ့ပါတယ်။အလုပ်သမားဝန်ကြီးဌာနက သူတို့ကို လုပ်ခတိုးတောင်းလို့ဖမ်းတာမဟုတ်ဘဲ တခြားအကြောင်းကိစ္စအတွက် စစ်ဆေးမေးမြန်းတာလို့ ထုတ်ပြန်ခဲ့ပေမယ့် အခုအချိန်အထိပြန်လွှတ်ပေးခြင်းမရှိပါဘူး။