ဒီဇင်ဘာ ၇ရက်၊အရုဏ်ဦး တောင်ကိုရီးယားရောက်မြန်မာလုပ်သားတွေအနေနဲ့ မိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POES)ကအသိပေးထားပါတယ်။ အလုပ်သမားတွေအနေနဲ့ လစာရဲ့၂၅ရာခိုင်နူန်းကို တစ်လချင်းဖြစ်စေ၊ သုံးလကိုတစ်ကြိမ်ဖြစ်စေမိသားစုဆီတရားဝင်ငွေလွှဲပို့ဖို့အသိပေးထားတာဖြစ်ပါတယ်။ အဲဒီလိုငွေလွှဲပို့ထားတဲ့အထောက်အထား၊စာရွက်စာတမ်းတွေကိုလည်း အမည်၊ နိုင်ငံကူးလက်မှတ်အမှတ်၊ မြန်မာနိုင်ငံကနေစတင်ထွက်ခွာတဲ့နေ့တို့နဲ့အတူ ဌာနရဲ့ Viberဆီပေးပို့ဖို့ကိုလည်း ဖော်ပြထားပါတယ်။ “ကိုယ့်သဘောနဲ့ကိုယ်လွှဲချင်မှ လွှဲမှာပေါ့။အိမ်ကမိသားစုတောင်အဲဒီလောက်ထိမပူဆာဘူး။သူတို့က ငွေလွှဲဖို့ကိုပဲ…