Site icon Migrant Times

စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမရအောင် တားဆီးနေ

စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းမရအောင် တားဆီးနေ

ဩဂုတ် ၉ ရက်
အရုဏ်ဦး၊ Migrant Times
  • ရန်ကုန်မြို့က စက်ရုံတချို့မှာ အလုပ်သမားသမဂ္ဂဖွဲ့မရအောင် စက်ရုံဘက်က တားဆီးပိတ်ပင်နေတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ဆိုပါတယ်။လက်ရှိမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာလှုပ်ရှားခွင့်မရှိသလို သမဂ္ဂဖွဲ့မယ်ဆိုရင်လည်း ခြိမ်းခြောက်ဖိအားပေးမှုတွေရှိနေတာလို့ သူတို့က ဆိုပါတယ်။” သမဂ္ဂဖွဲ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်နဲ့ စက်ရုံဘက်က ခြိမ်းခြောက်တယ်ဆိုတဲ့ သတင်းတွေ ရထားတယ်။ ဒါဟာ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်ဆိုတဲ့ အိုင်အယ်လ်အိုပြဌာန်းချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာ ” လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
  • ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေပြည်သာမြို့နယ်ရှိ YFAအထည်ချုပ်စက်ရုံမှာ သမဂ္ဂဖွဲ့လိုတဲ့ အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူက ခေါ်ယူသတိပေးခြိမ်းခြောက်ခဲ့တယ်ဆိုပြီးတော့လည်း STUM က သတင်းထုတ်ပြန်ထားပါတယ်။” စက်ရုံတွေက အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ်နေတာကိုအလုပ်သမားရုံးတွေကလည်း မျက်ကွယ်ပြုနေတယ် ” လို့ အထည်ချုပ်အလုပ်သမားသမဂ္ဂဝင်တစ်ဦးက ပြောပါတယ်။​လက်ရှိ မြန်မာနိုင်ငံမှာ အိုင်အယ်လ်အို ပြဌာန်းချက်အမှတ်(၈၇)ဖြစ်တဲ့ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် ချိုးဖောက်နေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အချက်အလက်ပြုစုနေချိန်မှာပဲ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းမရအောင် တားဆီးပိတ်ပင်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။စစ်ကောင်စီကတော့ ပြည်တွင်းမှာ အလုပ်သမားအဖွဲ့တွေလွတ်လပ်စွာ ဖွဲ့စည်းလုပ်ကိုင်ခွင့်ပေးနေတယ်ဆိုပြီး မကြာခင်က ထုတ်ပြန်ခဲ့ပေမယ့် ဒါဟာ လိမ်လည်တာသာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။
ဓာတ်ပုံ- ပြည်တွင်းစက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ်
Exit mobile version