ဘန်ကောက်မှာ တွန်းလှည်းနဲ့ သစ်သီးရောင်းတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းရဲဖမ်းဆီး

ဘန်ကောက်မှာ တွန်းလှည်းနဲ့ သစ်သီးရောင်းတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုင်းရဲဖမ်းဆီး
- ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အနုစာ၀ရီအဝိုင်းနားက ပလက်ဖောင်းမှာ တွန်းလှည်းနဲ့ သစ်သီးရောင်းချနေတဲ့ရွှေ့ပြောင်းအလုပ်သမား (၅)ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ လူသွားလမ်းပေါ်မှာတွန်းလှည်း၊ ဘေးတွဲဆိုင်ကယ်တွေနဲ့ သစ်သီးရောင်းချနေတဲ့ ဗီယက်နမ် ၂ ဦး၊ လာအို ၂ ဦးနဲ့ ကမ္ဘောဒီးယား ၁ ဦး စုစုပေါင်း နိုင်ငံခြားသား ၅ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး တရားဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေကြောင်း ဖယာထိုင်းမြို့နယ် ရဲစခန်းမှ အရာရှိကြီးတစ်ဦးက ပြောပါတယ်။
- စျေးရောင်းခြင်းဆိုင်ရာ နိုင်ငံခြားသားတွေကို တားမြစ်ထားတဲ့ အလုပ်အကိုင်တစ်ခုအဖြစ် သတ်မှတ်ထားပြီး အလုပ်အကိုင် ဦးစီးဌာနမှ အဆိုပါနေရာကို သွားရောက် ကြည့်ရှု စစ်ဆေးရမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သတိပေးချက် ထုတ်ပြန်ထား ရှိကြောင်း သိရပါတယ်။ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားေတွအတွက် အသက်မွေးဝမ်းကြောင်း အလုပ်ကို ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်ရင် အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဘက် အရေးယူခံရမှာဖြစ်ကြောင်း သိရပါတယ်။
