Site icon Migrant Times

ထိုင်းမှာ အမြန်ချောပို့လုပ်ငန်း Call Center ဝန်ထမ်း ဟန်ဆောင်လိမ်လည်သူ ၉ ဦး ဖမ်းဆီးခံရ

ထိုင်းမှာ အမြန်ချောပို့လုပ်ငန်း Call Center ဝန်ထမ်း ဟန်ဆောင်လိမ်လည်သူ ၉ ဦး ဖမ်းဆီးခံရ

ဩဂုတ် ၁၆ ရက်
Migrant Times
  • ထိုင်းနိုင်ငံမှာ အမြန်ချောပို့လုပ်ငန်း Call Center ဝန်ထမ်းအဖြစ် ဟန်ဆောင်ကာ ငွေကြေးလိမ်လည်သူ ၉ ဦးကိုထိုင်းဆိုက်ဘာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၊ မှုခင်းနည်းပညာ နှင့် ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဌာန အရာရှိတွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘတ်သန်း ၃၀၀ ကျော်တန်ဖိုး သက်သေခံပစ္စည်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။လိမ်လည်သူတွေဟာ ပုဂ္ဂလိက အမြန်ချောပို့ ၀န်ထမ်း​တွေအဖြစ် ဟန်ဆောင်ကာ စုစုပေါင်း ဘတ်ငွေ ၂,၈၃၉,၂၉၈.၄၅ ကျော်ကို လိမ်လည်လှည့်ဖြားခဲ့တယ်လို့ သိရပါတယ်။မည်သူမည်ဝါဖြစ်ကြောင်း လိမ်လည်မှု၊ ကွန်ပျူတာအခြေခံ ပြစ်မှု၊ ငွေကြေးခဝါချမှုတို့နဲ့ ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။

Exit mobile version