Site icon Migrant Times

MoU ၄ နှစ်ပြည့်တွေအတွက် ဘန်ကောက်သံရုံးမှာ OWIC ကဒ် လုပ်မပေးတော့

MoU ၄ နှစ်ပြည့်တွေအတွက် ဘန်ကောက်သံရုံးမှာ OWIC ကဒ် လုပ်မပေးတော့

ဩဂုတ် ၁၉ ရက်
စကားဝါ၊ Migrant Times
  • ထိုင်းနိုင်ငံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ MoU သက်တမ်း ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC)ကို ဘန်ကောက်သံရုံးမှာ ပြုလုပ်ပေးတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ဘန်ကောက်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ သံရုံးက ဩဂုတ်လ ၁၈ ရက်က စပြီး OWIC ကဒ်အတွက် ၂၅၀ ဘတ်ကို ကောက်ခံတော့မှာ မဟုတ်ဘဲ မြန်မာအလုပ်သမားတွေ အနေနဲ့ မြန်မာနိုင်ငံက ထွက်ခွာတဲ့အချိန်မှာ သက်ဆိုင်ရာ အလုပ်သမားရုံးတွေကနေ လျှောက်ထားရယူခဲ့ရမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။
  • “ သံရုံးကကြေညာတာက မရှင်းမရှင်းဖြစ်တာပေါ့။ ငွေမကောက်တော့ဘူးဆိုတာက OWIC ကဒ်ကို အလကားလုပ်ပေးမှာလားပေါ့။ တကယ်က မဟုတ်ပါဘူး။ ပြည်တွင်းမှာကတည်းက အလုပ်သမားက လုပ်ခဲ့ရမယ်လို့ဆိုထားတော့ ဘန်ကောက်သံရုံးမှာ မလုပ်ပေးတော့ဘူးလို့ ပြောတဲ့အဓိပ္ပာယ်ပါပဲ ” လို့ ထိုင်းနိုင်ငံအခြေစိုက်အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း(LRF)မှ ဉီးအောင်ကျော်က ဆိုပါတယ်။ယခုထုတ်ပြန်ချက်ဟာ MoU ၄ နှစ်ပြည့်သမားတွေအနေနဲ့ မဖြစ်မနေ မြန်မာပြည်ကို ပြန်သက်တမ်းတိုးဖို့ ဖိအားပေးသလိုဖြစ်နေပြီး နိုင်ငံရေးမတည်ငြိမ်တာတွေနဲ့ ပြည်တွင်းကိုပြန်သွားရင် ယခုအလုပ်ကို ပြန်ရဖို့ မသေချာတာတွေကြောင့် မြန်မာအလုပ်သမားတွေက သက်တမ်းပြန်တိုးဖို့ကို တွန့်ဆုတ်နေကြတယ်လို့ သိရပါတယ်။
Exit mobile version