ထိုင်းမှာ မြန်မာလုပ်သား ၁၄ ဦး ဖမ်းဆီးခံရ
ဩဂုတ် ၁၉ ရက်
ခွန်သောမတ်၊ Migrant Times
- ထိုင်းနိုင်ငံ၊ ဖရာနခွန်စီအယုဒ္ဓယပြည်နယ်၊ ပါချီမြို့နယ်၊ ပါချီကျေးရွာအုပ်စုမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၁၄ ဦး မနေ့က ဖမ်းဆီးခံခဲ့ရပါတယ်။စစ်ဆေးရေးဂိတ်ကနေ ဆက်တိုက်ဖြတ်သန်းသွားတဲ့ တိုယိုတာ ပစ်ကပ်ကားတွေဟာ ပုံမှန်ထက် အလေးချိန်ပိုနေဟန်ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေက တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှာ လိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ယာဉ်မောင်း မစ္စတာ Wicha ကိုလည်း ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး ဂျီရာဘောဖူရီဒက်က ပြောပါတယ်။
- အခုဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ တာ့ခ်ပြည်နယ်ကတစ်ဆင့် သဘာ၀ တောလမ်းနဲ့ ထိုင်းနိုင်ငံထဲ ဝင်လာပြီး လမ်းတစ်ဝက်ကနေ လာကြိုတဲ့ကားနဲ့ လိုက်ပါလာစဥ် အယုဒ္ဓယပြည်နယ်မှာ အဖမ်းခံခဲ့ရတာပါ။ပို့ဆောင်ခအနေနဲ့ ဘတ် ၁၅၀,၀၀ ပေးဆောင်ရတယ်လို့ သိရပါတယ်။သူတို့အားလုံးကို ပါချီရဲစခန်းမှာ တရားဥပဒေအရ ဆက်လက် အရေးယူမယ်လို့ သိရပါတယ်။
ကိုးကား- www.nationtv.tv