ပြည်တွင်းက အလုပ်ရပ်စဲခံရတဲ့ လုပ်သားတွေ အလုပ်အသစ် ပြန်ရဖို့ ခက်ခဲနေ

ပြည်တွင်းက အလုပ်ရပ်စဲခံရတဲ့ လုပ်သားတွေ အလုပ်အသစ် ပြန်ရဖို့ ခက်ခဲနေ

ဩဂုတ် ၂၁ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်တွင်းမှာ အကြောင်းအမျိုးမျိုးနဲ့ အလုပ်ရပ်စဲခံလိုက်ရတဲ့အလုပ်သမားတွေဟာ နောက်အလုပ်တစ်ခုရဖို့ ခက်ခက်ခဲခဲ ရှာဖွေနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေထံက သိရပါတယ်။စက်ရုံတွေဘက်က အလုပ်သမား အသစ်ခေါ်တဲ့အခါမှာ အရင်စက်ရုံမှာ အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့ဖူးသူတွေ မပါအောင် စိစစ်မှုတွေ ပိုလုပ်နေသလို လုပ်သားအသစ်တွေ စုပုံနေတာကြောင့်လည်း အလုပ်ရဖို့ မလွယ်တဲ့အခြေအနေ ရှိနေတာလို့ ဆိုပါတယ်။” အရင်စက်ရုံက အလုပ်ထုတ်ခံရသူဆိုတာသိရင် သေချာတယ်၊ အလုပ်မခန့်တော့ဘူး။ သမဂ္ဂဝင်ဖြစ်ဖူးသူတွေဆိုရင်လည်းလအဲဒီအတိုင်းပဲ။ အလုပ်သမားအသစ်တွေထက် အဟောင်းတွေက ပိုစိစစ်ခံရတယ် ” လို့ လက်ရှိအလုပ်ရှာနေတဲ့ စက်ရုံလုပ်သားဟောင်းတစ်ဦးက ပြောပါတယ်။
  • စက်ရုံလုပ်ငန်းရှင်တချို့ဟာ အလုပ်သမားတွေရဲ့ကိုယ်ရေးအချက်အလက်ကို မျှဝေထားကြပြီး အင်တာဗျူးခေါ်တဲ့အခါ တိုက်ဆိုင်စစ်ဆေးမှုတွေလုပ်နေကြတာလို့ အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦးက ဆိုပါတယ်။” နာမည်ထွက်တဲ့သူတွေဆို ပိုဆိုးတယ်။ လိမ်လို့မရဘူး။အဲဒီလိုတွေကြောင့် တခြားလုပ်ငန်းကဏ္ဍ ပြောင်းသွားကြတာတွေရှိတယ် ” လို့ သူက ဆိုပါတယ်။အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရဲ့ မကြာခင်က ထုတ်ပြန်တဲ့စစ်တမ်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အလုပ်အကိုင်ရပ်စဲမှု ၂၃ ဒသမ ၅ ရာခိုင်နှုန်းတိုးခဲ့ပြီး အလုပ်ထုတ်ပယ်မှုများ ၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အလုပ်မှ နှုတ်ထွက်မှုမှာ ၂၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။အလုပ်ပြန်လည်လုပ်ကိုင်သူထဲမှ ၇၀ ရာခိုင်နှုန်းက လခစားအလုပ်ကို ရှာတွေ့ကြပြီး ကျန် ၃၀ ရာခိုင်နှုန်းက မိမိ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ကိုင်​ကြကာ ပျမ်းမျှအားဖြင့် လခစားအလုပ်ကို ပြန်လုပ်နိုင်ဖို့အချိန် ငါးလတာ စောင့်ရလေ့ရှိတယ်လို့လည်း ဆိုပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *