အာရှ-ပစိဖိတ်ဒေသမှာ လုပ်သားအင်အားနဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ ADB အကြံပြု

အာရှ-ပစိဖိတ်ဒေသမှာ လုပ်သားအင်အားနဲ့ ကျွမ်းကျင်မှုကို မြှင့်တင်ဖို့ ADB အကြံပြု
- ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီး နောက်ပိုင်းမှာ အာရှ-ပစိဖိတ်ဒေသမှာ လုပ်သားအင်အားနဲ့ ကျွမ်းကျင်မှုစွမ်းရည်တွေ မြှင့်တင်ဖို့ လိုအပ်ပြီး မညီမျှမှုေတွကို လျှော့ချဖို့နဲ့ ဒေသတွင်း အားကောင်းတဲ့ စီးပွားရေးတစ်ကျော့ပြန် ဖြစ်လာနိုင်စေဖို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က အကြံပြုထားပါတယ်။အာရှနဲ့ ပစိဖိတ်ဒေသက အလုပ်အကိုင်ဈေးကွက်ဟာ မကြုံစဖူး အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီး စီးပွားရေးနယ်မြေ ပြန်လည်အားကောင်းလာစေဖို့ ရေရှည်မှာ အလားအလာရှိတဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။ဒေသတွင်း အစိုးရတွေဟာ လုပ်သားအင်အား ကျွမ်းကျင်မှုစွမ်းရည် မြှင့်တင်ဖို့ လိုအပ်ပြီး မညီမျှမှုေတွကို လျှော့ချဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က တိုက်တွန်းထားပါတယ်။
- ဒေသတွင်း နိုင်ငံအချို့ဟာ COVID-19 သက်ရောက်မှုမှ လွတ်မြောက်ခဲ့ပြီး လုပ်သားဈေးကွက်၏ ကပ်ရောဂါဆိုးကျိုးကို ဆက်လက် ခံစားနေရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB မှ အကြီးတန်း ဘောဂဗေဒပညာရှင် မစ္စတာ Samir Katiwada က ပြောပါတယ်။COVID-19 ကာလက ခရီးသွားလာမှု ကန့်သတ်ချက်၊ ကုမ္ပဏီ ပိတ်သိမ်းမှုစတာတွေဟာ အလုပ်လက်မဲ့နှုန်း မြင့်တက်စေခဲ့ပြီး လူငယ်တွေနဲ့ အမျိုးသမီးတွေဟာ ထိခိုက်မှုအများဆုံးခံခဲ့ရတယ်လို့ ADB က ဆိုပါတယ်။
