အီးယူက မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေးကို စောင့်ကြည့်နေတယ်လို့ဆို

အီးယူက မြန်မာနိုင်ငံ အလုပ်သမားအခွင့်အရေးကို စောင့်ကြည့်နေတယ်လို့ဆို

ဩဂုတ် ၂၆ ရက်
ခွန်သောမတ်၊ Migrant Times
  • အ၀တ်အထည် ထုတ်လုပ်တဲ့ နာမည်ကြီး ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ မြန်မာနိုင်ငံက ထွက်ခွာပြီးနောက်ပိုင်း အီးယူက အလုပ်သမားအခွင့်အရေးကို စောင့်ကြည့်နေကြောင်း ဥရောပ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက Reuters သတင်းတစ်ရပ်မှာ ပြောကြားထားပါတယ်။Adidas၊ H&M နဲ့ Zara ပိုင်ရှင် Inditex အပါအဝင် ဥရောပအမှတ်တံဆိပ်တွေဟာ မြန်မာနိုင်ငံမှာ ချုပ်လုပ်နေပြီးမကြာသေးမီက H&M နဲ့ Inditex ချုပ်လုပ်​နေတဲ့စက်ရုံတွေက အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကို စစ်အစိုးရက ဖမ်းဆီးပြီး အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုတွေ တိုးမြင့်လာတာကြောင့် မြန်မာနိုင်ငံအတွက် လုပ်ငန်းလည်ပတ်မှု အရင်းအမြစ်တွေကို ရပ်တန့်ပစ်မယ်လို့ ဥရောပ ကော်မ​ရှင် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပါတယ်။
  • “ အီးယူဟာ လက်ရှိမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အခြေအနေတွေကို EBA ချိတ်ဆက်မှု မူဘောင်အတွင်း အကဲဖြတ်နေပါတယ် ” လို့ကော်မရှင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ရလဒ်အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ရင် မူဝါဒကို ပြုပြင်ပြောင်းလဲနိုင်ကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူက အသိပေးထားပါတယ်။
ကိုးကား-mgronline.com

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *