Site icon Migrant Times

မလေးရှားရောက်မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စတွေအတွက် ရက်ချိန်းယူရမယ့်စနစ် ပြောင်းလဲ

မလေးရှားရောက်မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ်ကိစ္စတွေအတွက် ရက်ချိန်းယူရမယ့်စနစ် ပြောင်းလဲ

ဩဂုတ် ၃၀ ရက်
အရုဏ်ဦး၊ Migrant Times
  • မလေးရှားရောက်မြန်မာတွေရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျက်စီး၊ အသစ်လျှောက်ထားတဲ့လုပ်ငန်းတွေအတွက် ရက်ချိန်းရယူတာကို QR စနစ်ပြောင်းလဲအသုံးပြုမယ်လို့ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။လက်ရှိနိုင်ငံကူးလက်မှတ် သက်တမ်းတိုး၊ ပျက်စီး၊ အသစ်လျှောက်ထားမယ့်သူတွေဟာ ရက်ချိန်းကို လူကိုယ်တိုင် ရယူနေရတာကို စက်တင်ဘာလ ၁ ရက်ကစတင်ရပ်နားပြီး စက်တင်ဘာလ ၄ ရက်ကစကာ QR နဲ့ရက်ချိန်းယူတဲ့စနစ် ကျင့်သုံးမှာလို့ ဆိုပါတယ်။အွန်လိုင်းကနေ QR ရယူမယ့်သူတွေအနေနဲ့ www.mekl.org သို့ Mobile နဲ့ ဖြစ်စေ၊ ကွန်ပျူတာနဲ့ဖြစ်စေ ဝင်ရောက်နိုင်ပြီး ကောင်စစ်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပတ်သက်လို့ ဆောင်ရွက်လိုတဲ့ကိစ္စရပ်တွေကို ဖြည့်သွင်းဆောင်ရွက်ရမယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
  • QR ရယူပြီးသူတွေအတွက် သံရုံးကို လာရောက်ရမယ့်ရက်ကို မှတ်ပုံတင်ထားတဲ့ဖုန်းနံပါတ်ဆီ SMS ပေးပို့အသိပေးမှာဖြစ်ပြီး သံရုံးရဲ့လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးမယ်လို့လည်း​ ဆိုပါတယ်။လက်ရှိမှာ နိုင်ငံကူးလက်မှတ်ပြုလုပ်မယ့်သူတွေအနေနဲ့ရက်ချိန်းကို လအတော်ကြာမှ ရရှိတဲ့အတွက် မလေးရှားရောက်မြန်မာတွေအကြား ဝေဖန်မှုတွေရှိနေပါတယ်။” အခုကလည်း ရက်ချိန်းက ခန့်မှန်းရွေးခွင့်မရဘူး။ သူတို့ပေးတဲ့ရက်ပဲ ရမယ့်သဘောပဲ ” လို့ မြန်မာလုပ်သားတစ်ဦးက ပြောပါတယ်။မလေးရှားရှိ မြန်မာသံရုံးအနေနဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၊ ပျက်စီးတာနဲ့ပတ်သက်လို့ အသစ်ပြန်လျှောက်ရင် ပေးရမယ့် ဒဏ်ကြေးကို ဇူလိုင်လကုန်ပိုင်းက ရင်းဂစ် ၃၃၀ ကနေ ၄၈၀ ရင်းဂစ်ကို တိုးမြှင့်သတ်မှတ်ထားပါတယ်။

Exit mobile version