လာအိုငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် လာအို အလုပ်သမားတွေ ထိုင်းနိုင်ငံသို့ အများအပြား ၀င်ရောက်

လာအိုငွေကြေးတန်ဖိုး ကျဆင်းမှုကြောင့် လာအို အလုပ်သမားတွေ ထိုင်းနိုင်ငံသို့ အများအပြား ၀င်ရောက်

ဩဂုတ် ၃၁ ရက်
ခွန်သောမတ်၊ Migrant Times
  • လာအိုနိုင်ငံမှာ ငွေကြေးဖောင်းပွမှုဖြစ်ပြီး နိုင်ငံအတွင်း သွင်းကုန်အပေါ် မှီခိုအားထားမှု၊ စီးပွားရေး ကျဆင်းမှုတို့ကြောင့် ပြည်ပကို သွားရောက် အလုပ်လုပ်သူ များလာပါတယ်။မကြာသေးမီက ထိုင်းငွေ ၁ ဘတ်ကို လာအိုငွေလဲနှုန်း ၀ ဒသမ ၀၀၁၈ ခန့်၊ ၁,၀၀၀ ဘတ်ကို ၅၅၉,၇၆၂ ဒသမ ၈၆ လာအိုငွေရှိပြီး အဆက်မပြတ် တိုးလာမှုကြောင့် လာအိုဟာ ငွေကြေးတန်ဖိုး ထိုးကျမှုကို ရင်ဆိုင်နေရပါတယ်။ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းမှုကြောင့် ထိုင်းနိုင်ငံကို သွားရောက်ပြီး အလုပ်လုပ်ချင်သူတွေ တရားဝင်ရော၊ တရားမဝင်ရော အများအပြားဖြစ်နေပြီး ထိုင်းနယ်စပ်တစ်လျှောက်မှာ လာအိုနိုင်ငံသားတွေ ရောက်ရှိ စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
ကိုးကား-board.postjung.com

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *