Site icon Migrant Times

ထိုင်းအစိုးရသစ်အတွက် ပုစ္ဆာ

ထိုင်းအစိုးရသစ်အတွက် ပုစ္ဆာ

|ဆောင်းပါး|
စက်တင်ဘာ ၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းအစိုးရသစ်ဟာ ထိုင်းစီးပွားရေးကို ရှေ့ကို တက်လှမ်းဖို့ယုံကြည်မှု တည်ဆောက်နေပြီး ၂၀၂၇ ခုနှစ်မှာ အနိမ့်ဆုံး လုပ်ခလစာကို ဘတ် ၆၀၀ အထိ တိုးမြှင့်မယ်လို့ ကြေညာထားပါတယ်။အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDB) အစီရင်ခံစာအရ အခုနှစ် ဒုတိယသုံးလပတ်မှာ ထိုင်းနိုင်ငံမှာ လုပ်သားအခြေအနေ တိုးတက်လာတယ်လို့ ဖော်ပြထားပါတယ်။စိုက်ပျိုးရေးမဟုတ်တဲ့ ကဏ္ဍတွေမှာ အလုပ်အကိုင် တိုးချဲ့မှုကြောင့် အလုပ်အကိုင် စုစုပေါင်း ၃၉ ဒသမ ၇ သန်းရှိပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးလာကာ အများစုမှာ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ အလုပ်အကိုင် တိုးလာတာဖြစ်ပါတယ်။
  • ဒီလိုတိုးလာတာဟာ ပြည်တွင်းစီးပွားရေး ပြန်လည်ဦးမော့လာမှုနဲ့ နိုင်ငံခြားခရီးသွား အဆက်မပြတ် လာရောက်မှုတို့ကြောင့် ဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ အလုပ်အကိုင်၊ ကုန်ထုတ်လုပ်မှုနယ်ပယ်၊လက်လီလက်ကားရောင်းဝယ်မှု၊ သယ်ယူပို့ဆောင်ရေးနဲ့ကုန်စည်သိုလှောင်မှု တိုးမြှင့်ပြီး ဆောက်လုပ်ရေးနယ်ပယ်ကောင်းမွန်လာပေမယ့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာတော့ မိုးခေါင်ရေရှားမှုဒဏ်ကို ခံခဲ့ရပါတယ်။ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စရပ်တွေလည်း ရှိနေပါတယ်။လုပ်သားရှားပါးမှု အဆက်မပြတ်တိုးလာနေပြီး အလုပ်အကိုင် လစ်လပ်တွေကို စဉ်းစားရင် ဒီဇင်ဘာလအတွင်း အလုပ်လျှောက်ထားသူ ၁ ဦးဟာ အလုပ်ရာထူး ၅ ခုအထိ ရရှိနိုင်တာကို တွေ့ရပါတယ်။
  • ကျွမ်းကျင်မှု နည်းပါးတဲ့ အလုပ်သမားတွေ အငြိမ်းစားယူမှုကို ကိုင်တွယ်ဖို့ ပြင်ဆင်နေပြီး ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ်မှာ ပုဂ္ဂလိကကဏ္ဍမှာ ကျွမ်းကျင်မှု နည်းပါးတဲ့ လုပ်သားပေါင်း ၁ ဒသမ ၃ သန်းကျော် အငြိမ်းစား ယူတော့မှာမို့ လုပ်သားအရေအတွက် လျော့နည်းသွားပါတယ်။မိုးခေါင်ရေရှားမှုကနေ လယ်သမားတွေရဲ့ ၀င်ငွေကို ထိခိုက်စေပြီး စိုက်ပျိုးရေးအတွက် ရေပမာဏ လျော့နည်းနေပါတယ်။ဝန်ဆောင်မှု ကဏ္ဍမှာ အကြီးမားဆုံးအလုပ်သမားရှားပါးမှု ပြဿနာရှိနေပြီး အလုပ်သမားတွေရဲ့ကျွမ်းကျင်မှုနဲ့ လုပ်ငန်းခွင်လိုအပ်ချက် ကွဲလွဲနေပါတယ်။ ဘွဲ့ရ ဦးရေ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းခန့်ဟာ စီမံခန့်ခွဲရေးနဲ့ ဘွဲ့ရရှိထားပေမယ့် လစ်လပ်နေတဲ့ အလုပ်အများစုဟာ သိပ္ပံ၊ အင်ဂျင်နီယာ၊ ထုတ်လုပ်မှု လုပ်သား​ေတွဖြစ်နေပါတယ်။ထိုင်းအစိုးရသစ်နဲ့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ဆက်စပ်ကဏ္ဍတိုင်းမှာ ထိခိုက်မှု လျော့ပါးစေဖို့၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အစီအမံတွေ ပြင်ဆင်ထားသင့်ပါတယ်။
ကိုးကား-siamrath.co.th
Exit mobile version