လုပ်ခတိုးတောင်းလို့ အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီး ဝင်စစ်

လုပ်ခတိုးတောင်းလို့ အလုပ်သမားတွေ ဖမ်း​ဆီးခံရတဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီး ဝင်စစ်

ဩဂုတ် ၁၀ ရက်
အရုဏ်ဦး၊ Migrant Times
  • အနည်းဆုံးလခတိုးပေးဖို့တောင်းဆိုရာကနေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အလုပ်သမားတွေ လုပ်ကိုင်ခဲ့တဲ့ စက်ရုံနှစ်ရုံကို အလုပ်သမားဝန်ကြီးက သွားရောက်စစ်ဆေးခဲ့တယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ဝန်ကြီးဦးမြင့်နောင်ဟာ မနေ့က Sun Apperal Myanmar နဲ့ ဟိုစိမ့်(မြန်မာ)စက်ရုံတို့ကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲဒီစက်ရုံနှစ်ရုံကို​ ရောက်ရှိစဥ် စက်ရုံတာဝန်ရှိသူတွေရဲ့ တင်ပြချက်​တွေအပေါ် ကုန်အမှာ စာရရှိမှု၊ ကုန်ထုတ်လုပ်မှု၊ လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ လုပ်ခလစာပေးချေမှုအခြေအနေကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
  • ဒါ့အ​ပြင် အလုပ်သမားရေးရာ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီတို့နဲ့ တွေ့ဆုံခဲ့​ပြီး အလုပ်သမားတွေရဲ့ အခက်အခဲ၊ လိုအပ်ချက် တင်ပြချက်တွေအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။” ဖမ်းဆီးခံအလုပ်သမားတွေရဲ့အလုပ်ရုံဝင်တာဆိုတော့ အဲဒီဖြစ်ရပ်နဲ့လည်း ဆက်စပ်မယ်ထင်တယ်။ တခြားဘာတွေ မှာတယ်ဆိုတာတော့ မသိရသေးဘူး ” လို့ နယ်မြေခံအလုပ်သမားအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
  • ရွှေပြည်သာရှိ ဟိုစိမ့်(မြန်မာ)စက်ရုံမှ အလုပ်သမား ၅ဦး၊ Sun Apparel Myanmar စက်ရုံမှ အလုပ်သမား ၂ ဦး၊ အလုပ်သမားအရေးကူညီနေတဲ့ Action Labor Rightsအဖွဲ့မှ ၄ဦးနဲ့ တခြားဆက်စပ်သူ တစ်ဦးတို့ဟာ ဆူပူမှုဖြစ်အောင်လှုံ့ဆော်လို့ဆိုပြီး ဇွန်လလယ်က ဖမ်းဆီးထိန်းသိမ်းခံရတာဖြစ်ပါတယ်။အဲဒီဖမ်းဆီးခံရသူတွေကို စက်တင်ဘာလ ၄ရက်က ပြန်လွှတ်ပေးလိုက်ပြီးရက်ပိုင်းအကြာမှာပဲ အလုပ်သမားဝန်ကြီးက အဲဒီစက်ရုံတွေကို သွားရောက်စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *