တရားမ၀င် နယ်စပ်ဖြတ်ကျော်မယ့် ဆိုင်ကယ်တွေဖမ်းဆီးခံရ

တရားမ၀င် နယ်စပ်ဖြတ်ကျော်မယ့် ဆိုင်ကယ်တွေဖမ်းဆီးခံရ

စက်တင်ဘာ ၁၂ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းပြည်နယ်၊ Mae Fah Luang မြို့နယ်၊ Ban Pong Hai အနီး ထိုင်းနယ်စပ်မှာ မြန်မာကို ပို့ဆောင်မယ့် တရားမ၀င် ဆိုင်ကယ် ၄ စီးကို ဖမ်းဆီးရမိကြောင်း မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။ကနဦးစစ်ဆေးမှုအရ HONDA အမှတ်တံဆိပ် ယာဉ် ၄ စီးလုံးဟာ အခြေအနေအသစ်ဖြစ်ပြီး လိုင်စင်နံပါတ်ပြားမပါရှိဘဲ PCX မော်ဒယ် ၂ စီး၊ Wave 110 နဲ့ 125 မော်ဒယ်၂ စီးကို သိမ်းဆည်းရမိကြောင်း သိရပါတယ်။ထိုင်းဘုရင်တော်၀င်တပ် – ၃၁၀၇    ရိန်းဂျားတပ်ရင်း၊ အထူးတပ်ဖွဲ့ ၃၁ တပ်ရင်းနဲ့ အမှတ် ၃၂၇ နယ်ခြားစောင့်ရဲတပ်ရင်းတို့ ပူးပေါင်း ကင်းလှည့် စောင့်ကြည့်ပြီး Ban Pong Hai ချန်နယ်အနီး ဆိုင်ကယ် ၄ စီး မောင်းနှင်လာတဲ့အမျိုးသား ၄ ဦးကို စစ်ဆေးဖို့ စောင့်ကြည့်နေတုန်း ဆိုင်ကယ်ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်​တွေကို ထိန်းသိမ်းကာ စာရွက်စာတမ်း အထောက်အထား ပြသနိုင်တဲ့ ပိုင်ရှင်ထံ ပြန်လည်ပေးအပ်မယ်လို့ Mae Fah Luang ရဲစခန်း ရဲမှူးက ပြောပါတယ်။

 

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *