ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ တရားမ၀င် မြန်မာလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံထဲ ခိုးဝင်လာတဲ့ တရားမ၀င် မြန်မာလုပ်သား ၁၃ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၁၃ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ အန်ထောင် – အယုဒ္ဓယ အဝေးပြေး ကားလမ်းမမှာ တရားမ၀င် မြန်မာ အလုပ်သမား ၁၃ ဦးကို တင်ဆောင်လာပြီး မောင်းပြေးတဲ့ ပစ်ကပ်ကားကို အာဏာပိုင်တွေက လိုက်လံဖမ်းဆီးခဲ့ရာ တာယာ ၃ လုံးကွဲတဲ့အထိ မောင်းပြေးခဲ့​ေပမယ့် ဖမ်းဆီးမိခဲ့ကြောင်း သိရပါတယ်။ဖမ်းဆီးခံရတဲ့အလုပ်သမားအားလုံးဟာ မဲဆောက်မြို့ကနေ ဘတ်ငွေ ၁၅,၀၀၀ စီ ပွဲစားခပေးပြီး အယုဒ္ဓယပြည်နယ်ကို လာ​စဥ် ဖမ်းဆီးခံရတာလို့ ကားမောင်းသမားက ထွက်ဆိုပါတယ်။သူတို့ကို တရားဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်မှာဖြစ်ကြောင်း အန်ထောင်းမြို့နယ် စုံစမ်းစစ်ဆေးရေး ရဲမှူးကြီး Rachan Petcharuchi က ပြောပါတယ်။
ကိုးကား-mgronline.com

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *