ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့သတ်မှတ်လုပ်သားဦးရေပြည့်မီအောင် မစေလွှတ်နိုင်

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့သတ်မှတ်လုပ်သားဦးရေပြည့်မီအောင် မစေလွှတ်နိုင်

စက်တင်ဘာ ၁၄ ရက်
အရုဏ်ဦး၊ Migrant Times
  • ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီတချို့ သတ်မှတ်ထားတဲ့ အလုပ်သမားအရေအတွက်ပြည့်မီအောင် လုပ်သားစေလွှတ်နိုင်ခြင်းမရှိဘူးလို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံက သိရပါတယ်။အေဂျင်စီအကျိုးဆောင်လိုင်စင်စည်းကမ်းမှာ ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုချင်းအလိုက် နှစ်စဥ်စေလွှတ်ရမယ့် အလုပ်သမားဦးရေသတ်မှတ်ချက်ရှိနေတာဖြစ်ပါတယ်။”တချို့ကျတော့ အေဂျင်စီလိုင်စင်သာ ယူထားတာ။တကယ်မလုပ်တာတွေရှိတယ်။ တချို့ကျတော့ လုပ်တော့လုပ်တယ်။ အဆက်အသွယ်နဲ့ ခေါ်စာနည်းလို့အရေအတွက်မပြည့်ကြတာတွေလည်းရှိနေတယ်” လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
  • ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်စည်းကမ်းချက်မှာ နိုင်ငံအလိုက်လုပ်သားပို့မယ့် အေဂျင်စီတစ်ခုချင်းအလိုက် တစ်နှစ်ကိုအနည်းဆုံး ထိုင်းကို ၁၅၀ဦး၊ မလေးရှားကို ၄၀ဦး၊ ဂျော်ဒန်ကို ၂၅ဦး၊ စင်ကာပူ၊ယူအေအီး၊ကာတာ၊ မကာအို ကို ၁၀ဦးစီနဲ့ ဂျပန်ကို ၆ဦး ပို့ပေးနိုင်ရမယ်ဆိုပြီးသတ်မှတ်ထားတာဖြစ်ပါတယ်။သတ်မှတ်အရေအတွက်မပြည့်တဲ့အေဂျင်စီတွေအနေနဲ့ လိုင်စင်သက်တမ်းတိုးချိန်မှာ ဘာကြောင့်မပြည့်ရတာလဲဆိုတဲ့ အကြောင်းပြချက်နဲ့အသနားခံစာတင်ကြရတယ်လို့ လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။
  • “ကိုယ်တိုင်တိုက်ရိုက် ခေါ်စာမရရင် တခြားသူကပြန်ဝယ်ပြီးပို့ရတာမျိုးအဲဒီလိုဖြေရှင်းတာတွေလည်းရှိတယ်”လို့ သူကပြော​ပါတယ်။လက်ရှိမှာ မလေးရှားနိုင်ငံက လုပ်သားအသစ်ခေါ်ယူတာမရှိသလောက်ဖြစ်နေပြီး ထိုင်းနဲ့ဂျပန်ကသာ လုပ်သားခေါ်ယူတာတိုးလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းက ဆိုပါတယ်။ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့အေဂျင်စီအရေအတွက်ဟာ ၄၇၀ နီးပါးရှိကာ နှစ်နှစ်ကျော်အတွင်းအေဂျင်စီ ၂၇၀ လောက်တိုးလာတာလည်းဖြစ်ပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *