ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာ

ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာ

စက်တင်ဘာ ၁၄ ရက်
ခွန်သောမတ်၊ Migrant Times
  • ဩစတြေးလျနိုင်ငံမှာ လုပ်သားဈေးကွက် ပြန်ကောင်းလာပြီး ဩဂုတ်လအတွင်း မျှော်လင့်ထားတာထက် ပိုမိုကောင်းမွန်လာကြောင်း ဩစတြေးလျ စာရင်းအင်းဗျူရို (ABS) က ဒီနေ့ ထုတ်ပြန်ခဲ့ပါတယ်။ABSက ကောက်ယူထားတဲ့ အချက်အလက်​ေတွအရ ဩဂုတ်လမှာ အလုပ်လက်မဲ့နှုန်းဟာ ၃ ဒသမ ၇ ရာခိုင်နှုန်းမှာ တည်ငြိမ်နေပြီး အလုပ်အကိုင်ပေါင်း ၆၄,၉၀၀ တိုးလာကာ စျေးကွက်မျှော်မှန်းထားတာထက် ပိုမိုမြင့်မားပြီး ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေကြောင်း သိရပါတယ်။ဩစတေးလျနိုင်ငံ အလုပ်သမားဈေးကွက်ဟာ အလွန်ခိုင်မာနေဆဲဖြစ်ပြီး အလုပ်သမား ဈေးကွက်မှာ ပါဝင်မှုနှုန်းဟာ ဩဂုတ်လမှာ ၆၇ ရာခိုင်နှုန်းကို ခုန်တက်သွားပြီး စံချိန်တင် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း သိရပါတယ်။
ကိုးကား-www.infoquest.co.th

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *