ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၁,၀၀၀ ကျော် ထပ်ခေါ်မယ်

စက်တင်ဘာ ၁၅ ရက်
အရုဏ်ဦး၊ Migrant Times
  • ဂျပန်နိုင်ငံက မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို ထပ်ပြီးခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ဂျပန်နိုင်ငံရှိ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေက မြန်မာလုပ်သား ၁,၀၀၀ ကျော်ကို ခေါ်ယူဖို့ အလုပ်ကမ်းလှမ်းစာ ၃၅၀ နီးပါးပေးပို့ခဲ့တာကို သံရုံးက စက်တင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အတွင်း စိစစ်ပေးထားခဲ့တာလို့ ဆိုပါတယ်။”အလုပ်အမျိုးအစားကတော့အစုံပဲ။ အဓိက ကတော့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလုပ်သားနဲ့စားသောက်ကုန်ထုတ်လုပ်ငန်းတွေအတွက်များတယ်”လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
  • ဂျပန်နိုင်ငံဘက်က အလုပ်ကမ်းလှမ်းစာတွေကို သံရုံးက တစ်လကိုနှစ်ကြိမ်စိစစ်ပြီး ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။ဂျပန်နိုင်ငံက COVID-19 ကပ်ရောဂါ အလွန် နိုင်ငံခြားသားလုပ်သားပြန်လက်ခံချိန်ကစလို့ မြန်မာလုပ်သားတွေကို ပိုမိုခေါ်ယူလာတာလည်းဖြစ်ပါတယ်။လက်ရှိမှာ တစ်လကို မြန်မာလုပ်သား ၂,၀၀၀ ဝန်းကျင်ခေါ်ယူနေပြီး လက်ရှိဂျပန်မှာရောက်ရှိလုပ်ကိုင်နေသူ မြန်မာနိုင်ငံသား ၅၀၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *