Site icon Migrant Times

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်

တောင်ကိုရီးယားကို မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်

စက်တင်ဘာ ၁၉ ရက်၊ Migrant Times
  • တောင်ကိုရီးယားနိုင်ငံကို EPS မြန်မာလုပ်သား ၁၄၈ဦး ဒီကနေ့ ထပ်မံစေလွှတ်ခဲ့တယ်လို့ သိရပါတယ်။တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ဖို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ EPS စနစ်နဲ့ စေလွှတ်တဲ့ကုန်ထုတ်လုပ်သားသစ် ၇၂ ဦး၊ စိုက်ပျိုးရေးလုပ်သားသစ် ၇၆ ဦးဟာ ဒီကနေ ့အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က သတင်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ​ဩဂုတ်လက မြန်မာလုပ်သား ၁,၀၁၀ ဦးကို             တောင်ကိုရီးယားကို စေလွှတ်ခဲ့ပါတယ်။
ဓာတ်ပုံ- မြန်မာသံရုံး၊ ဆိုးလ်မြို့
Exit mobile version