Site icon Migrant Times

တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးနဲ့ ထိုင်းယာဥ်မောင်း ၅ ဦးကို ထိုင်းနိုင်ငံ၊ ဆုန်ခါလာမှာ ဖမ်းမိ

တရားမ၀င်ရွှေ့ပြောင်းအလုပ်သမား ၂၁ ဦးနဲ့ ထိုင်းယာဥ်မောင်း ၅ ဦးကို ထိုင်းနိုင်ငံ၊ ဆုန်ခါလာမှာ ဖမ်းမိ

စက်တင်ဘာ ၂၁ ရက်
ခွန်သောမတ်၊ Migrant Times
  • ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆုန်ခလာပြည်နယ်၊ ရတ်တဖွန်မြို့နယ်မှာ တရားမ၀င် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ မှောင်ခို ယာဉ်တန်းကို ကြိုတင်သတင်းအရ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၁ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဥ်မောင်း ၅ ဦးအပါအ၀င် မှောင်ခိုယာဉ် ၅ စီးကို ဖမ်းမိခဲ့တာလို့ Songkhla ပြည်နယ် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးချုပ် Roy Ingkhapairoj၊ က ပြောပါတယ်။ဖမ်းဆီးခံရသူတွေကို ထိုင်းနိုင်ငံ လူ၀င်မှုကြီးကြပ်ရေးဥပဒေအတိုင်း ထိရောက်စွာ စစ်ဆေးပြီး အရေးယူမယ်လို့ သိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားသား ၂၁ ဦးဟာ Sa Kao ခရိုင်နယ်စပ် သဘာဝလမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတာဖြစ်ပြီး မလေးရှားနိုင်ငံကို ဆက်သွားကာ အလုပ်လုပ်ကြမှာလို့ သိရပါတယ်။
ကိုးကား- mgronline.com
Exit mobile version