နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု

နယူးဇီလန်မှာ အလုပ်သမားရှားပါးမှု ဖြေရှင်းဖို့ အလုပ်အကိုင် ၁၇ ခုအတွက် အမြန်လျှောက် ဗီဇာခွင့်ပြု
- နယူးဇီလန်နိုင်ငံမှာ အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်ဖို့ Green List မှာ အလုပ်အကိုင် ၁၇ ခုကို ပေါင်းထည့်ပြီး နိုင်ငံခြားသားေတွအတွက် အမြန်လျှောက်ဗီဇာ ခွင့်ပြုပေးမှု တိုးချဲ့မယ်လို့ Bloomberg သတင်း အေဂျင်စီက ဖော်ပြပါတယ်။လေယာဉ် အင်ဂျင်နီယာ၊ ရေတပ်ဗိသုကာ/ရေတပ် ဒီဇိုင်နာ၊ စက်မှုအင်ဂျင်နီယာ နည်းပညာရှင်၊ သတင်းအချက်အလက်နည်းပညာ ဒေတာဘေ့စ် စီမံခန့်ခွဲသူနှင့် စနစ်စီမံခန့်ခွဲသူ၊ လေယာဉ်ပြုပြင်ထိန်းသိမ်းရေး အင်ဂျင်နီယာ၊ လမ်းကြိတ်စက် ကျွမ်းကျင်မောင်းနိုင်သူ၊လမ်းခင်း လမ်းလုပ်ငန်း ကြီးကြပ်ရေးမှူး၊ သတ္တုမျိုးစုံထုတ်လုပ်မှုနှင့် သတ္တုစက်ပြင်သူ၊ ဂဟေဆော်သူ Fitter (အထွေထွေ)၊ ကားဘော်ဒီ စက်ပြင်၊ ကားပန်းချီ ဆရာစတဲ့အလုပ်အကိုင်တွေကို Green List မှာ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
- Work to Residence ဗီဇာ ဒါမှမဟုတ် အရည်အချင်းပြည့်မီသောသူများအား အမြဲတမ်း အလုပ်ဗီဇာ လျှောက်ထားရန် နည်းလမ်းတစ်ခု ဖြစ်ကြောင်း နယူးဇီလန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Andrew Little က ပြောပါတယ်။ကျွမ်းကျင်လုပ်သားကို ရှာဖွေနေတဲ့ အလုပ်ရှင်အနေနဲ့ နယူးဇီလန် နိုင်ငံသား အလုပ်သမားကို မရှာနိုင်ရင် တခြား နိုင်ငံခြားသား အလုပ်သမားေတွအတွက် Green List ဗီဇာနဲ့ ခေါ်ယူခွင့်ပြုထားပါတယ်။COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် နယူးဇီလန်ရဲ့Green List မှာ အလုပ်အကိုင် အရေအတွက် တိုးလာခဲ့ပြီး လုပ်ငန်းအများအပြားမှာ ကျွမ်းကျင်လုပ်သား ရှားပါးလာခဲ့ပါတယ်။နယူးဇီလန်မှာ လုပ်သားလိုအပ်မှုဟာ မကြုံစဖူး အရှိန်အဟုန်နဲ့ တိုးလာပြီး အခုနှစ် ၇ လတာ ကာလအတွင်း နိုင်ငံတွင်း ဝင်ရောက်တဲ့ နိုင်ငံခြားသား ၁၃၅,၀၀၀ ဟာ အလုပ်သမားဈေးကွက်အပေါ် ဖိအားကို လျှော့ချနိုင်ခဲ့ပါတယ်။
