အောက်တိုဘာ၂၈ရက်၊အရုဏ်ဦး လာအိုနိုင်ငံနဲ့အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ရေးထိုးပြီးနောက် မြန်မာဖက်ကအေဂျင်စီတွေ လုပ်သားစေလွှတ်နိုင်ရေးအပြိုင်ကြိုးပမ်းတာတွေရှိလာတယ်လို့ အဲဒီလုပ်ငန်းအသိုင်းဝိုင်းဆီက သိရပါတယ်။ လာအိုအလုပ်သမားရေးရာဝန်ကြီးဌာနနဲ့ မြန်မာစစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနတို့အနေနဲ့ အလုပ်သမားရေးရာနားလည်မှုစာချွန်လွှာကို အောက်တိုဘာနောက်ဆုံးအပတ်မှာ လက်မှတ်ရေးထိုးခဲ့တာကြောင့် ပြည်ပလုပ်သားစေကွက်အသစ်အတွက်ပြင်ဆင်မှုတွေအားကောင်းလာတာလို့ ဆိုပါတယ်။ “လက်မှတ်မထိုးခင်ကတည်းကပို့နေတဲ့အေဂျင်စီတွေရှိတယ်။အခြေအနေစောင့်ကြည့်သူတွေလည်းရှိတယ်။အခုက လမ်းပိုပွင့်သွားတဲ့သဘောဖြစ်တော့ ကြိုးပမ်းတာတွေပိုများလာတာ”လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီဒါရိုက်တာတစ်ဦးက ပြောပါတယ်။…